Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Taylor Swift က သူမရဲ့ ဆွဲဆောင်မှုကောင်းတဲ့ ခြေထောက်တွေကို ဖော်ထုတ်ပြသ

Taylor Swift က သူမရဲ့ ဆွဲဆောင်မှုကောင်းတဲ့ ခြေထောက်တွေကို ဖော်ထုတ်ပြသ

| No comment

Taylor Swift ဟာ Los Angeles, Melrose Avenue မှာ ဈေးဝယ်ထွက်စဉ် သူရဲ့ သွယ်လျလှပပြီး ဆွဲဆောင် မှုရှိလှတဲ့ ခြေထောက် အလှကိုပေါ်လွင်စေဖို့ ဘောင်းဘီတို၊ ခုံထူဒေါက်မြင့် ဖိနပ်နဲ့ ဦးထုပ် အ၀ိုင်းလေးကို တွဲဖက် ၀တ်ဆင် ထားတာကို တွေ့ခဲ့ရပါတယ်။ သတင်းတွေ အရ Taylor ရဲ့ Management အဖွဲ့က ပြောပြချက်အရ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက National Enquier ကို သူ့ရဲ့ ခြေထောက် အတွက် အမေရိကန်ဒေါ်လာ ၄၀ မီလီယံ အာမခံထားဖို့ စီစဉ်နေကြတဲ့ အကြောင်း ပြောပြ သွားပါတယ်။ 
 “ ဒါဟာ ရယ်စရာကောင်းတဲ့ ပမာဏပါပဲ။ တစ်ခုခုသာ ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ စင်ပေါ်ကဖျော်ဖြေမှုတွေမှာ သူရဲ့ ခြေထောက် အလှကို ပြသနိုင်မှာ မဟုတ်တော့ပါဘူး..သူ့ရဲ့ ဒေါ်လာ မီလီယံ ၂၀၀တန် အလုပ်ဟာ ပြဿ နာ တစ်ခုဖြစ်လာနိုင်ပါတယ် ” လို့ ပြောကြားသွားပါတယ်။ Swift ဟာ သူ့ခြေထောက်တွေ အတွက် ဒေါ်လာ ၁ မီလီယံလောက်ပဲ ခန့် မှန်းထားပေမယ့် ဒေါ်လာ ၄၀ မီလီယံဟာ သူ့ကို အံ့သြသွားစေပါတယ်။ ပြီးတော့ သူနည်းနည်းလည်း ရှက်တောင် ရှက်သွားပါသေးတယ် လို့ထည့်သွင်းပြောကြား သွားပါတယ်။ 


 Credit : http://www.starpulse.com/news