၂၀၁၂ ခုနှစ် လမ်းခွဲပြီး ကတည်းက Tom Cruise နဲ့ Katie Holmes တို့ဟာ တိုက်ရိုက် စကား မပြော ကြတော့ဘဲ ၈နှစ် အရွယ်သမီး ကလေး Suri အတွက် ကြားခံလူတွေက တစ်ဆင့် စကားပြောဆို ဆက်သွယ်နေကြတာ ဖြစ်ပါတယ်။
တစ်ဦးနဲ့ တစ်ဦးဟာ အလွန် မုန်းတီးနေကြတာဖြစ်တယ်လို့ TMZ.com သတင်း အရသိရပြီး ပြောရေး ဆိုခွင့် ရှိသူတွေရဲ့ ပြောကြားချက် အရ သူတို့ဟာ ဆိုးဝါးတဲ့ ခံ စားချက်တွေ ရှိ ခဲ့ကြတာဖြစ်ပြီး သူတို့ လမ်းခွဲပြီးနောက် ပိုင်းမှာ တစ်ဦးကို တစ်ဦး စိတ်ဝင်စားမှု မရှိ သလောက် ပါပဲ လို့ ပြောပြ ထားပါတယ်။
Dawson Creek ကြယ်ပွင့်ဟောင်း က ၅၂ နှစ်ရှိပြီဖြစ်တဲ့ Cruise ဟာ သူ့ကို စကားပြောမှာ မ ဟုတ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ Katie ဟာ လုံးဝငြင်းဆန်နေတဲ့ အတွက် သူ့ကို စကားပြောခွင့် မပေးခဲ့ လို့ဖြစ်ပါ တယ်လို့ ပြောခဲ့ပေမယ့် ပြောရေး ဆိုခွင့် ရှိသူ ကတော့ သူတို့ရဲ့ လေပွေလို ရှုပ်ထွေးပွေလီတဲ့ လမ်းခွဲ မှုကြောင့် သူ့ကို အမြင်စောင်းနေ တာဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။
Mission: Impossible 5 အတွက် လပေါင်း များစွာ လန်ဒန်မှာ ရိုက်ကူးခဲ့ပြိး သမီးလေး Suri အတွက် အချိန် မပေးနိုင်ခဲ့လို့ Holmes ဟာ Suri ရဲ့ ဖခင် တစ်ယောက် အဖြစ်နဲ့ အချိန် အပြည့်အ၀ မပေးခဲ့လို့ စိတ်ဆိုးနေ ခဲ့ပါသတဲ့။
Holmes ဟာ လောလော ဆယ်မှာတော့ ၂၀၀၄ ခုနှစ်မှာ Cruise နဲ့ ခေတ်ပြိုင်ဖြစ်သူ မင်းသား Jamie Foxx နဲ့စုံတွဲ ခုတ်နေတယ်လို့ ကောလဟာလတွေ ထွက်နေတာဖြစ်ပါတယ်။
Credit : http://www.starpulse.com/news