Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Ashton Kutcher နဲ့ Mila Kunis တို့ရဲ့ Selfie : ‘Go Dodgers!’

Ashton Kutcher နဲ့ Mila Kunis တို့ရဲ့ Selfie : ‘Go Dodgers!’

| No comment

Ashton Kutcher တစ်ယောက် သူ့ ဇနီးဖြစ်သူ Mila Kunis နဲ့ ဒီ တစ်ပါတ် တနလာင်္နေ့ က ‘ love winning on opening day. Go Dodgers!’ လို့ ရေးထားတဲ့ သူတို့ မျက်လုံးတွေပြူး ထားပြီး ပါးစပ် အကျယ်ကြီး ဟထား တဲ့ ဓါတ်ပုံကို Facebook ပေါ်မှာ တင်ခဲ့ပါတယ်။ 
 ပရိတ်သတ်တွေက ‘ဟဟ မင်းတို့ နှစ်ယောက်ကို တကယ်သဘောကျတယ်’၊ ‘မင်းတို့ နှစ်ယောက် အရမ်းချစ်ဖို့ကောင်းတာပဲ’၊ ‘ပျော်စရာတွေ လုပ် ပြီး ပျော် ရွှင်နေတဲ့ ဒီ အတွဲကိုမြင်ရတာ တကယ်ကောင်းတယ်’ စတဲ့ ထင်မြင်ချက်တွေ ရေးခဲ့ကြတယ်။ လူတော်တော်များများက ဓါတ်ပုံနောက်ခံ မှာပေါ်နေတဲ့ သူတို့ခေါင်းနှစ်လုံးကြားက လျှာ ထုတ်နေတဲ့ လူ တစ်ယောက် ပုံကိုလည်း သတိထားမိကြပါတယ်။ Kunis က’ ဒီအကြံဥာဏ်ကို သူပထမ ကိုယ်ဝန် ရက တည်းက တစ်ယောက် ကပေးခဲ့တာပါ။ မင်းတို့အတွက် အချိန်ကိုသေချာရအောင်ယူပါ တဲ့။
ကံကောင်း ချင်တော့ မိဘတွေက အနီးအနားမှာပဲရှိနေတော့ ကလေးကိုအပ်ပြီး တစ်ပါတ် တစ်ခါလောက်တော့ ချိန်းတွေ့ ကြတယ်။’ ‘တစ်ကယ်လို့ နှစ်ယောက်ထဲ အပြင်သွားတာမဟုတ်ခဲ့ရင် ကလေး အကြောင်း မပြောဖြစ်ဖို့ဆို တာမလွယ်ပါဘူး။ကိုယ့် အတွက် အချိန် ရအောင် လုပ်ဖို့ အရေး ကြီးပါ တယ်။ ဒီတစ်နာရီမှာတော့ အချင်းချင်းအတွက်ကြိုးစားပြီး အချိန်ပေးရတာပေါ့’။


Credit : http://www.starpulse.com/news