Beyonce ဟာ သူ့ရဲ့ ပရိသတ်တွေကို အံ့အား သင့်သွားစေမယ့် တစ်ကိုယ်တော် သီချင်း ဗီဒီယို အသစ်ကို စနေနေ့က Tidal အသံလွှင့် ၀န်ဆောင်မှုမှ တစ်ဆင့် ဖြန့်ချီ ခဲ့ပါတယ်။
Jay-Z ရဲ့ ဇနီးဖြစ်သူ နာမည်ကျော် အဆိုတော်ဟာ ဒီ Music Platform ရဲ့ ပိုင်ဆိုင်သူထဲမှ တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။
“ Die With You” ဟာ အနက်ရောင် Grand Piano နောက်မှာ ထိုင်ကာ ရိုးရှင်းပြီး စိတ်ကူးယဉ် ဆန်တဲ့ ဘဲလေးအကကို တစ် ကိုယ်တော် တင်ဆင်ပြသထားတာ ဖြစ်ပါတယ်။
“ကိုယ်ဟာ မင်းဘေးမှာ အိပ်ဖို့ အတွက် နိုးထ လာ တာ ဖြစ်တယ် “ လို့ သီချင်းရဲ့ အဆုံးသတ်မှာ Cameraman အဖြစ် သရုပ်ဆောင် ထားတဲ့သူ့ရဲ့ ခင်ပွန်း သည် Jay Z ရှေ့ မှာ သီဆိုထားတာ ဖြစ်ပါတယ်။
သူတို့စုံတွဲဟာ အနုပညာရှင်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံတကာ ဂီတဖျော်ဖြေမှု ပထမဆုံး Platform ဖြစ်လာတဲ့ Tidal ရဲ့ ပူးတွဲ ပိုင်ဆိုင် သူတွေဖြစ်ပြီး ပိုမိုများပြားတဲ့ ပထမ တန်း စား တေးဂီတတွေကို Site ပေါ်မှာ ထုတ် လွှင့်သွားမှာ ဖြစ်ကြောင်း ဂီတပညာရှင်တွေကို ကတိပေး ထားပါသေးတယ်။
တန်ဖိုးရှိတဲ့ တေးဂီတတွေကို ဖန်တီး ထုတ်လုပ်ပြီး Musci Industry အတွက် ရေရှည် ရပ်တည်နိုင်အောင် ကာကွယ်ပေးမယ်လို့ ကတိပေးကြေညာ ထားတဲ့ ၀န်ဆောင်မှု လုပ်ငန်းဖြစ်ပြီး နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ Arcade Fire, Daft Punk, Jack White, Kanye West, Madonna, Rihannn, Usher တို့ဟာ ပါတနာတွေအဖြစ် လက်မှတ်ရေး ထိုးထားကြတာဖြစ်ပါတယ်။
Credit : http://www.starpulse.com/news