မနေ့ကပဲ အဆိုတော် Ariana Grande နဲ့ rapper အဆိုတော် Big Sean တို့ ၈လအကြာ အတူရှိပြီးတဲ့နဲ့ လမ်းခွဲ လိုက်ကြပါတယ်။ ဂီတမှာ လိုက်ဖက်တဲ့ သူတို့ အတွဲကို အားပေးနေကြတဲ့ ပရိတ်သတ်တွေ အတွက် ဒီသတင်းဟာ တော်တော်လေးကို စိတ်ထိခိုက်စေခဲ့ပါတယ်။
ဒီနေ့မှာ Ariana က Twitter သုံးခဲ့ တယ်။’အားလုံးကို ကျွန်မ အရမ်းချစ်ပါတယ်။ ကျွန်မ အတွက်တော့ ကောင်းကင် တမန်တော်တွေပါပဲ။ အားလုံးရဲ့ ဂရုစိုက်မှု၊ ချစ်ခင်မှုတွေက အားဖြစ်စေပါတယ်။
ကျွန်မကောင်းအောင်နေမယ်လို့ ကတိပေး ပါတယ်’ လို့ Grande က သူ့ အကောင့်မှာ ရေးသားခဲ့ပါတယ်။
Grande တစ်ယောက် လမ်း ခွဲခြင်း အပေါ်မှာ ထားတဲ့ သူ့ ရဲ့ အတွေးကို လူထုကို မျှဝေ ထားပေမယ့် ကောင်းကောင်း မွန်မွန်နေ နေတုန်းပါပဲ။
အစပိုင်း သတင်းတွေ အရ သူတို့ရဲ့ များပြားလှတဲ့ အလုပ်ချိန် ဇယားတွေက လမ်းခွဲခြင်းရဲ့ အကြောင်း အရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
‘အလုပ်ချိန် ဇယားတွေကြောင့် သဘောထား ကွဲလွဲတာတွေကြောင့် သူတို့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတယ်’ လို့ US မဂ္ဂ္ဂဇင်း ကပြောခဲ့ပါတယ်။
Big Sean အနေနဲ့ လည်း ကောင်းဖို့ အတွက် လုပ်ခဲ့ပုံရပါတယ်။သူရဲ့ သီချင်းအသစ် ‘ One Man Can Change the World’ ကို Jimmy Fallon နဲ့ အတူ တနလာင်္နေ့ ရှိုးပွဲမှာ ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။
Credit : http://www.starpulse.com/news