Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ကားတိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ရတဲ့ ရော့ခ်ကာ ၃ ဦး

ကားတိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ရတဲ့ ရော့ခ်ကာ ၃ ဦး

| No comment

Khaotika နဲ့ Wormreich စတဲ့ heavy metal တီးဝိုင်းတွေက အဖွဲ့  ၀င် ၃ ဦးဟာ ဂျော်ဂျီယာ ပြည်နယ် ဂျက်ဆင် မြို့ မှာ ကားတိုက်မှု တစ်ခုကြောင့် သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ ရော့ခ် အဆိုတော် အမြောက်အများ ဟာ အတ္တလန်တာ မြို့ သို့ ဖျော်ဖြေရေး ခရီးစဉ် ထွက်ခွာ လာစဉ် သူတို့ စီးနင်းလာတဲ့ ၁၅ ယောက်စီး Van ကားရဲ့ ယာဉ်မောင်းဟာ ထိန်းချုပ်မှုတွေ လွဲချော်ခဲ့ပြီး သစ်ပင် တစ်ပင်ကို ၀င်တိုက် မိခဲ့ တာပဲဖြစ် ပါတယ်။ 
 ၃ ယောက်ကတော့ ပွဲချင်းပြီးသေဆုံး သွားခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ် Nicholas R.Crisostomo ၊ အသက် ၃၀ နှစ် အရွယ် Ian McKinney နဲ့ အသက် ၂၉ နှစ်အရွယ် Paul Truesdell တို့ ၃ ယောက် က သေဆုံးသွားခဲ့ပြီး ၈ ယောက်က ဆေးရုံ တင်ထားရကာ ၂ ယောက် ကတော့ စိတ်ပူရတဲ့ အနေ အထား မှာ ရှိတယ်လို့ သိရပါတယ်။ ထို ယာဉ်တိုက်မှုမှာ မပါဝင် ခဲ့ပေ မယ့် ဖျော်ဖြေရေး ပွဲမှာ ပါဝင်တဲ့ Kult ov Azazel ဆိုတဲ့ တီးဝိုင်းမှ အဖွဲ့ဝင်တွေ ကတော့ ထို ဖျော်ဖြေရေးကို ဖျက်သိမ်း ခဲ့ ပါ တယ်။ ဖျော်ဖြေရေးမှာ ပါဝင်တဲ့ Wormreich နဲ့ Khaotika တီးဝိုင်းက အဖွဲ့ ၀င်တွေ ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ အတွက် ဖြစ်တယ်လို့ သိရ ပါ တယ်။


Credit : http://www.starpulse.com/news