Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Box office ကို အကြီးအကျယ်ရိုက်ခတ်ခဲ့တဲ့ ‘Furious 7’

Box office ကို အကြီးအကျယ်ရိုက်ခတ်ခဲ့တဲ့ ‘Furious 7’

| No comment

‘ Fast and Furious’ ရဲ့ ခုနှစ်ကားမြောက် ဇာတ်ကားကတော့ box office မှာစံချိန် ချိုးခဲ့တဲ့ ဒေါ်လာ ၁၄၃.၆ သန်း ကိုကျော်လွန်ခဲ့ပါတယ်။၂၀၁၃ မှာဖြန့် ချီ ခဲ့တဲ့ ‘Furious6’ မှာ ဒေါ်လာ ၉၇ သန်းရရှိခဲ့ပါတယ်။ April မှာတော့ ‘ Furious7’ က အကြီးမားဆုံးအောင်မြင်ခဲ့တာပါပဲ။ မနှစ်က ဒီအချိန်မျိုးမှာပဲ ဖြန့်  ချီ ခဲ့တဲ့ ‘ Captain America: The Winter Soilder’ တုန်းက ဒေါ်လာ ၉၅ သန်းရရှိုခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ ‘Furiious7’က ဒေါ်လာ ၂၄၀.၄ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။
Harry Potter နောက်ဆုံး ကား(ဒေါ်လာ၄၈၃.၂သန်း)၊ Harry Potter and the Half-Blood Prince (ဒေါ်လာ ၃၉၄.၄သန်း) နဲ့ The Avengers(ဒေါ်လာ၃၉၂.၅သန်း) ရဲ့နောက် လေးခုမြောက် စံချိန်ချိုးတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီ ဇာတ်ကားက မင်းသားကြီး Paul WalKer နောက်ဆုံး ရိုက်ခဲ့တဲ့ ကားပါ။ Paul Walker ဟာ ၂၀၁၃ မှာ ယာဉ် အတော် တစ်ဆမှုနဲ့ သေးဆုံးခဲ့တာပါ။ ညီငယ်သေဆုံးမှု အတွက် Dominic Toretto ( Vin Diesel) နဲ့ သူ့မိသားစုကို လက်စားချေဖို့  ကြိုးစားနေတဲ့ Deckard Shaw(Jason Statham) ကို အဓိကထားပြီး ဒီကားကို ဖန်တီးထားတာပါ။
Diesel က Jimmy Kimmel နဲ့ ရှစ်ခုမြောက် ကား အကြောင်း ပြောဖြစ် ခဲ့ တယ်။’ မင်းသိတဲ့ အတိုင်း ငါ ဒီရုပ်ရှင်ရဲ့ တိုးတက်လာတဲ့ များပြားတဲ့ ပုံရိပ်တွေကိုပဲ အမြဲ တွေးနေ တာ။ ဒါတွေ ကို ပြဇာတ် ရှည်တစ်ခု လိုပဲ တွေးနေမိတယ်’ လို့  ပြောခဲ့တယ်။ Box Officeရဲ့ ထိပ်ဆုံး သုံးနေ ရာ နားမှာတော့ Rihanna နဲ့ Jim Parsons တို့ ဖန်တီးထားတဲ့ ‘Home’(ဒေါ်လာ၂၇.၄သန်း) နဲ့ Will Ferrell နဲ့Kevin Hart တို့ရဲ့ ဟာသ ကားဖြစ်တဲ့ ‘Get Hard’(ဒေါ်လာ၁၂.၉သန်း) တို့ ရပ် တည်နေ ပါတယ်။


Credit : http://www.starpulse.com/news