Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Bruce Jenner ရဲ့ လိင်ပြောင်းအစီအစဉ်ကို Kim Kardashian နဲ့ Kanye West တို့ဇနီးမောင်နှံ ထောက်ခံ ကူညီ

Bruce Jenner ရဲ့ လိင်ပြောင်းအစီအစဉ်ကို Kim Kardashian နဲ့ Kanye West တို့ဇနီးမောင်နှံ ထောက်ခံ ကူညီ

| No comment

ဖြစ်ရပ်မှန် ကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ Bruce Jenner က သူ့ရဲ့ ယောကျာင်္း ဘ၀ကနေ မိန်းမဘ၀ သို့ ပြောင်းလဲမယ့် လိင်ပြောင်းအစီအစဉ်အတွက် ကူညီထောက်ပံ့ပေးတဲ့ Kim Kardashian နဲ့ Kanye West တို့ ဇနီးမောင်နှံကို အထူးကျေးဇူးတင်တယ်လို့ ဆိုလိုက်ပါတယ်။

အိုလံပစ် အားကစားချန်ပီယံ ကနေ ဖြစ်ရပ်မှန် ကြယ်ပွင့် တစ်ယောက်ဖြစ်လာတဲ့ Bruce Jenner မှာ ဇီဝဗေဒဆိုင်ရာ နည်းပညာနဲ့ ရရှိထားတဲ့ ကလေး ၆ ယောက်ရှိပြီး နောက်အိမ်ထောင်ပြုတဲ့အခါမှာ မယားပါသားသမီး ၄ ယောက်ရှိလာပါတယ်။ လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက Bruce Jenner ဟာ သူ့ရဲ့ လိင်ပြောင်း အစီအစဉ်အကြောင်းကို သူ့ရဲ့မိသားစုဝင်တွေကို ပြောပြခဲ့ပြီး သူ့ရဲ့ သားသမီးတွေ ကတော့ ဒါကို လက်ခံဖို့ခက်ခဲခဲ့ကြပါတယ်။

လက်ခံဖို့ အခက်ခဲ ခဲ့ဆုံးကတော့ Khloe Kardashian ပါ။ သူ့ရဲ့ သားသမီးတွေထဲမှာ Kim Kardashian ၊ Kendall Jenner နဲ့ Kylie Jenner တို့ ၃ ယောက်ကတော့ သူ့ရဲ့ လိင်ပြောင်း အစီအစဉ် အကြောင်းကို သူ့ရဲ့ ပြောင်းလဲစ ပြုလာတဲ့ ၀တ်စားဆင်ယင် ပုံတွေကို ကြည့်ပြီး သတိထားမိနေခဲ့ တဲ့အတွက် ဒီသတင်းကို မအံ့သြခဲ့ကြပါဘူး။ အဲဒီ ထဲကမှာ Kim Kardashian က သူမရဲ့ ခင်ပွန်းဖြစ်သူ Kanye West ရဲ့ အကူအညီနဲ့ Bruce Jenner ကို ထောက်ခံ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


Credit : http://www.starpulse.com/news