Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Chris Pratt ပါဝင်တဲ့ ‘Jurassic World’ ဒုတိယမြောက်ရုပ်ရှင်ကြော်ငြာ

Chris Pratt ပါဝင်တဲ့ ‘Jurassic World’ ဒုတိယမြောက်ရုပ်ရှင်ကြော်ငြာ

| No comment

Jurassic World ရဲ့ ရုပ်ရှင်ကြော်ငြာ အသစ်ကတော့ ထိပ်ဆုံးမှာရှိနေတာ မယုံ ကြည်နိုင်လောက်အောင် ပါပဲ။ ကြည့်ဖို့ အတွက်တောင် မစောင့်နိုင်တော့လောက်အောင်ပါ။ ရုပ်ရှင် စတား တစ်ယောက်ဖြစ်တဲ့ Chris Pratt က တိရိစ္ဆာန်တွေနဲ့ ရင်းနှီးတဲ့ Owne Grady အဖြစ် သရုပ်ဆောင်ထားပြီး ဒိုင်နိုဆောတွေနဲ့ သိကျွမ်း နား လည် တာကို အခြေခံ ထားတာဖြစ်ပါတယ်။
Indominus Rex ဆိုတဲ့ ဆိုးသွမ်းတဲ့ကောင်လေး အဖြစ် ရိုက်ကူးဖို့ ဖြစ်လာတဲ့ အချိန်မှာတော့ အချို့  အရာတွေက ကိုင်တွယ်ဖို့ အရမ်း လွယ်ကူလာပါတယ်။I-Rex ကတော့ မျိုးရိုး ဗီဇ အရ ဒိုင်နိုတွေကို ဒိုင်နိုဆော အချင်းချင်း အမဲလိုက်တာတွေနဲ့ လူတွေကို ဒုက္ခပေး တာတွေ ကို ပြောင်းလဲဖို့ ဖြစ်လာပါတယ်။ ရုပ်ရှင်ကြော်ငြာမှာတော့ Chris က ‘ဒါကထိန်းချုပ်မှု အကြောင်း မဟုတ်ပါဘူး။ 
အပြန် အလှန်လေးစားမှုပေါ်မှာ အခြေခံထားတဲ့ ဆက်နွယ်မှုဖြစ်ပါတယ်’ လို့ ပြောခဲ့ပါတယ်။ ပန်းခြံကို လည်ပတ် သူတွေ ပိုများလာအောင်နဲ့  အံ့သြစရာတွေဖြစ်စေမယ့် ရည်ရွယ်ချက်နဲ့ သတ္တ၀ါတွေ ကို ကျွေးမွေးပြု စု အသစ် တစ်ယောက်အဖြစ် ထုတ်ဖော် အပြောကြားခင်မှာ ‘ဒီ တိရိစ္ဆာန်တွေက ငါစားရ မယ်၊ ငါအမဲ လိုက်ရမယ် ဆိုတာကိုပဲ တွေးနေကြတာပါ’ ထပ်ပြီးပြောခဲ့ပါသေးတယ်။ ပန်းခြံရဲ့ အမှုဆောင် Clarire Dearing က ဒါဟာ ဒိုင်နိုဆောတွေကို သတ်ဖြတ်ဖို့ အတွက် ဖန်တီးထားတာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news