Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / သဘာဝပတ်ဝန်းကျင်အရ လျော်ညီတဲ့ eco-friendly resort တစ်ခုကို တည်ဆောက် လိုက်တဲ့ Leonardo DiCaprio

သဘာဝပတ်ဝန်းကျင်အရ လျော်ညီတဲ့ eco-friendly resort တစ်ခုကို တည်ဆောက် လိုက်တဲ့ Leonardo DiCaprio

| No comment

ဟောလီးဝုဒ် မင်းသားကြီး Leonardo DiCaprio ဟာ မြောက်အမေရိကမှာ ရှိတဲ့ Belize ကမ်းရိုးတန်းက သူပိုင်ဆိုင်တဲ့ ၄ ဧက ကျယ် ကျွန်းစွယ်ကို သဘာဝပတ်ဝန်းကျင် အရ လျော်ညီတဲ့ eco-friendly resort အဖြစ်ပြောင်းလဲ လိုက်တယ်လို့ သိရပါတယ်။ Leonardo ဟာ Blackadore Caye လို့အမည်ရတဲ့ ထို ကျွန်းစွယ် ကို ၂၀၀၅ ခုနှစ်မှာ ဒေါ်လာ ၁.၇၅ သန်းနဲ့ ၀ယ်ယူခဲ့ စဉ်ကတော့ The Four Seasons လို့ခေါ် တဲ့ ဟိုတယ်နဲ့ ပူးပေါင်းပြီး အပန်းဖြေစခန်း တစ်ခုတည် ဆောက် မလို့ပါ။
ဒါပေမယ့်လည်း တစ်ကယ်တမ်း အကောင် အထည် ဖော်ရာမှာတော့ ဆုံးဖြတ်ချက်တွေ ကို ပြောင်း လဲခဲ့ပါတယ်။ New York Times သတင်း ဌာနကို Leonardo ဖြေကြားခဲ့တာ ကတော့ သူဟာ နယူးယော့ခ် မြို့ က ကျွမ်းကျင် သူတွေ ကို ခေါ် ယူပြီး နိုင်ငံခြားသားတွေ လာရောက် လည်ပတ် လို့ရမယ့် နေရာတစ်ခု အဖြစ်တည်ဆောက် ထားတာဖြစ်ပါတယ်။ ထိုကျွန်းစွယ်ကိုတော့ San Pedro ဆိပ်ကမ်းကနေ ၁၅ မိနစ်ခန့် လှေစီးပြီး သွားရမှာဖြစ်ပါတယ်။
ထို နေရာ မှာတော့ ဧည့်သည်နေနိုင်မယ့် အဆောက်အဦး ၆၈ ခု ရှိပြီး သီးသန့်အိမ် အလုံး ၅၀ ကိုလည်း တည်ဆောက် ထားတယ်လို့ သိရပါတယ်။ ထိုအိမ်တွေကိုတော့ ဒေါ်လာ ၅ သန်း ကနေ ၁၅ သန်း ကြား ဈေးနှုန်းတွေ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်တဲ့။ ကြီးမားတဲ့ ရေကူးကန် နဲ့ ရေပေါ်မှာဆောက်ထားတဲ့ အိမ်တွေကြောင့် သီးသန့် ကမ်းခြေများလည်း ပါဝင်မှာဖြစ်ပြီး ပလတ်စတစ် ဘူးတွေအပါ အ၀င် အခြား သဘာဝ ပတ်ဝန်း ကျင် ကို ပျက်စီးစေမယ့် အရာများကို ယူဆောင်လာခွင့် မပြု ဘူးလို့ သိရပါတယ်။ 


Credit : http://www.starpulse.com/news