Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “Furious 7” ရုပ်ရှင်ဟာ box office ရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေ

“Furious 7” ရုပ်ရှင်ဟာ box office ရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေ

| No comment

ပြိုင်ကား နဲ့ အက်ရှင် ဇာတ်ကွက်တွေကို ရောစပ်ထားတဲ့ အတွက် လူငယ်တွေရော လူကြီးတွေပါ တစ်ခဲနက် အားပေးခဲ့ကြတဲ့ “Furious 7” ရုပ်ရှင်ဟာ box office ရဲ့ ထိပ်ဆုံးနေရာမှာပဲ လေးကြိမ်တိုင်တိုင် ဆက်လက် ရပ်တည်နေတယ်လို့ သိရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသား Paul Walker မသေခင်မှာ နောက်ဆုံးရိုက်သွားတဲ့ ဇာတ်လမ်းဖြစ်တဲ့ Furious 7 ဟာ ပထမဆုံး ပွဲဦးထွက်ပြသတဲ့နေ့မှာပဲ ဒေါ်လာ ၁၈.၃ သန်းဝင်ငွေရှိခဲ့ပြီး ၂၀၁၂ ကတည်းက ၀င်ငွေအများဆုံးဖြစ်ခဲ့ဖူးတဲ့ Hunger Game ရဲ့ စံချိန်ကို ချိုးဖျက်လိုက်နိုင်ပါတယ်။

တစ်ကမ္ဘာလုံးက ၀င်ငွေတွေကို ပေါင်းစပ်ကြည့်လိုက်တဲ့ အခါမှာတော့ Furious 7 ဟာ ဒေါ်လာ ၁,၃၂၁,၅၃၆,၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခြား ၀င်ငွေ အကောင်းဆုံး ဇာတ်ကားတွေ အနေနဲ့ “Paul Blart:Mall Cop 2” ဆိုတဲ့ ဟာသ ဇာတ်လမ်းဟာ ဒေါ်လာ ၁၅.၅ သန်း ပွဲဦးထွက် ၀င်ငွေရရှိခဲ့ပြီး “The Age Of Adaline” ဇာတ်လမ်း ကတော့ ဒေါ်လာ ၁၃.၄ သန်းရရှိခဲ့ပါတယ်။

 အဆိုတော်မလေး Rihanna အသံ သရုပ်ဆောင်ထားတဲ့ “Home” ဆိုတဲ့ ကာတွန်းကား ကတော့ ဒေါ်လာ ၈.၃ သန်း ရရှိခဲ့ပြီး “Unfriended” ဆိုတဲ့ သရဲကားကတော့ ဒေါ်လာ ၆.၂ သန်း ရရှိခဲ့ပါတယ်။ ဆက်စပ် သတင်း တစ်ခုအဖြစ် Marvel ရဲ့ “The Avengers:Age of Ultron” ဇာတ်လမ်းဟာ အခြားနိုင်ငံတွေမှာ ပွဲဦး ထွက်ပြသခဲ့ရာ ဒေါ်လာ ၂၀၁.၂ သန်း ၀င်ငွေရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု နဲ့ ကနေဒါနိုင်ငံက ရုပ်ရှင် ရုံတွေ မှာတော့ လာမယ့် ကြာသပတေးနေ့မှ စတင်ပြသမှာဖြစ်ပါတယ်။ 


Credit : http://www.starpulse.com/news