Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / လေယာဉ် ပျက်ကျမှုကြောင့် ဆေးရုံတက်နေတဲ့ Harrison Ford ဆေးရုံက ဆင်းပြီ

လေယာဉ် ပျက်ကျမှုကြောင့် ဆေးရုံတက်နေတဲ့ Harrison Ford ဆေးရုံက ဆင်းပြီ

| No comment

ဟောလီးဝုဒ် မင်းသားကြီး Harrison Ford ဟာ မတ်လ ၅ ရက်နေ့ကို လေယာဉ် ပျက် ကျမှုကြောင့် ဆေးရုံ တက်နေရာမှ ယခုအခါ သက်သာလာပြီဖြစ်တဲ့ အတွက် ဆေးရုံက ဆင်းခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။ Harrison Ford ရဲ့ ကျန်းမာရေး အခြေအနေဟာလည်း ကောင်းကောင်းမွန်မွန်ဖြစ်နေတယ်လို့ သိရပြီး People မဂ္ဂဇင်းကလည်း အသက် ၇၂ နှစ်ရှိနေပြီဖြစ်တဲ့ Harrison Ford ကို လော့အိန်ဂျလိစ်မှာ ကားမောင်းနေတာတွေ့ခဲ့တယ်လို့ဖော်ပြထားပါတယ်။
 Star Wars ဇာတ်လမ်းနဲ့ Indiana Jones ဇာတ်လမ်းတွေကြောင့် အောင်မြင်လာခဲ့တဲ့ ဂန္တ၀င် သရုပ်ဆောင် ကြီး Harrison Ford ဟာ မတ်လ ၅ ရက်နေ့က သူ့ ရဲ့  ဒုတိယ ကမ္ဘာစစ် က လက်ကျန် ကိုယ် ပိုင်လေ ယာဉ် ငယ်ကို တစ်ယောက်တည်းမောင်းနှင်နေရာ ကနေ စက်ချို့ ယွင်း မှုကြောင့် လော့အိန် ဂျလိစ် ဂေါ့ဖ်ကွင်း ထဲကို လေယာဉ်ပျက်ကျခဲ့ပြီး အရိုးတွေကျိုးခဲ့တဲ့အတွက် ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။ အခုနောက်ဆုံးရတဲ့ သတင်းတွေအရတော့ Ford ဟာ သူ့ရဲ့ဇနီးဖြစ်သူ သရုပ်ဆောင်မင်းသမီး Calista Flockhart ရဲ့ အနီးကပ် ပြုစုစောင့်ရှောက်မှုတွေကြောင့် သက်သာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Flockhart ဟာ Ford ပြန်လည် မသက်သာလာခင် ဆေးရုံမှာ ရှိနေကတည်း နေ့တိုင်းဆေးရုံမှာ အနီး ကပ် စောင့်ရှောက်ပေးခဲ့တယ်လို့ သိရပါတယ်။ Ford ဟာဆေးရုံက ဆင်းလာပေမယ့်လည်း သူ့အတွက် ခက်ခဲ တဲ့အချိန်တွေကျန်နေပါသေးတယ်။ လေယာဉ်ပျက်ကျစဉ်က တင်ပါးဆုံ ရိုးကျိုးခဲ့ တဲ့အ တွက် ဆေးကု သမှုကိုတော့ ဆက်လက်ခံယူရဦးမှာဖြစ်ပါတယ်။ 


Credit : http://www.starpulse.com/news