Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အမိုက်စား ကိုယ်ခန္ဓာပြန်ရလာတဲ့ Hilary Duff

အမိုက်စား ကိုယ်ခန္ဓာပြန်ရလာတဲ့ Hilary Duff

| No comment

Hilary Duff တစ်ယောက် သူ့သားဖြစ်သူ Luca ကိုမွေးဖွားခဲ့တဲ့ မတ်လ၂၀၁၂ နောက် ပိုင်းမှာ တော်တော် ကြာအောင် အဆက်ပြတ်နေခဲ့ပေမယ့် ခုလမှာပဲ ခေါင်းစီး ပိုင်းကနေ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ သူ့သား အ တွက် အာရုံစိုက် ပြီးတဲ့နောက်မှာ သူရဲ့ အမိုက်စား ခန္ဓာကိုယ် ကို ပြန်လည် ပိုင်ဆိုင် သွား ပါ ပြီ။ ပြောရ မယ် ဆိုရင်တော့ လွန်ခဲ့တဲ့ ၈နှစ်က သူ့ရဲ့ ပထမ အယ်လ်ဘမ် နဲ့  ရုပ်သံ ဇာတ်လမ်းတွေ ထဲလို ဆွဲဆောင် မှုမျိုးတွေနဲ့ ပေါ။

 Disney Channel မှာပြသတဲ့ Lizzie McGuire အဖြစ်သိလာကြတဲ့ Duff ဟာ ခုဆိုရင်တော့ ပိုပြီး ရင့် ကျက် တဲ့ ပုံစံ ဖြစ်လာတာကို သူကလည်း သဘောကျနေပါတယ်။ ‘ကလေး သရုပ်ဆောင်အဖြစ် ပရိတ် သတ်က အမြဲမြင် မသွားဖို့ကို သေချာ ဂရုစိုက်ခဲ့ပါတယ်’။ ‘ဒါကြောင့် ခုတော့ ပုံစံ အသစ်၊ ပိုပြီးငယ်ရွယ်တဲ့ ရှုပ်ပွနေ တဲ့ ဘ၀မှာနေနေတဲ့ ၂၇ နှစ်အရွယ် စာအုပ် အယ်ဒီတာ တစ်ယောက်ဖြစ်တဲ့ Kelsey အဖြစ် သရုပ်ဆောင် ရတာ ကျွန်မအတွက် တစ်ကယ့်ပျော်စရာပါပဲ’။

သူက အမြဲတမ်းကောင်လေး အရွေးမှားတယ်။ အရက်အများကြီးသောက်ပြီး နောက်နေ့ မနက်ဆို သူ့ ကိုသူ ပုံမှန်ဖြစ်အောင် လုပ်နေတတ်တဲ့ တစ်ယောက်ပေါ့’။ Hilary က သူ့အနေနဲ့ ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ ကိုယ်ဝန်နဲ့ ဓါတ်ပုံ ရိုက်တာမျိုးစတဲ့ ဘာအလုပ်မျိုးမှ မလုပ်ခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။ “ ဒီလို လုပ်ရတာ ဖိ အားတွေများလို့ပါ။ ကျွန်မလည်း လုပ်ဖို့ စိတ်မ၀င် စားပါဘူး။ စူပါမော်ဒယ်လ်တွေ ကိုယ်ဝန်ဆောင်ကြတာ ရှင် တို့ တွေ့ဖူးမှာပါ။ ပြီးလည်းပြီးရော သူတို့ကို ဘယ်တုန်းကမှ ကိုယ်ဝန် မဆောင်ခဲ့ဖူးတဲ့ ပုံနဲ့ပြန်မြင် ကြရ တယ်လေ။ ကျွန်မကိုတော့ အဲ့လိုတွေ့ ရမှာမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news