Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / iHeartRadio Music Awards ဆုပေးပွဲ အခမ်းအနားမှာ အတူတကွ ပွဲခံခဲ့ကြတဲ့ Taylor Swift နဲ့ Madonna

iHeartRadio Music Awards ဆုပေးပွဲ အခမ်းအနားမှာ အတူတကွ ပွဲခံခဲ့ကြတဲ့ Taylor Swift နဲ့ Madonna

| No comment

၂၀၁၅ ခုနှစ်အတွက် iHeartRadio Music Awards ဆုပေးပွဲ အခမ်းအနား မှာတော့ မထင်မှတ်ထား တဲ့ ပေါ့ပ် အဆိုတော် ၂ ယောက်ဖြစ်တဲ့ Taylor Swift နဲ့ Madonna တို့ဟာ အတူတစ်ကွ ပွဲခံခဲ့ကြပါတယ်။ အသက် ၂၅ နှစ် အရွယ်သာရှိသေးတဲ့ Taylor Swift ဟာ တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင်ဆုကို ရရှိခဲ့ပြီး အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ Madonna ဟာ သူမရဲ့ Rebel Heart အယ်လ်ဘမ် ထဲက “Ghosttown” သီချင်းနဲ့ အကောင်းဆုံး  performance ဆု ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။
အမှန် တစ် ကယ်တော့ Madonna ဟာ Taylor Swift မမွေးခင် ကတည်းက အခွေ ၄ ခွေလောက် ထုတ်ထားခဲ့သူပါ။ ဒါပေမယ့် ဒီဆုပေးပွဲ မှာတော့ Taylor Swift ရဲ့ ဂစ်တာ တီးခတ်ပေးမှုနဲ့ အတူ Madonna က Ghosttown သီချင်းကို သီဆိုသွားခဲ့ပါတယ်။ သူတို့ ၂ ယောက်အတူ ဖျော်ဖြေ ခဲ့ကြတဲ့ ဓါတ်ပုံကိုလည်း Madonna က သူမရဲ့ Instagram မှာတင်ထားခဲ့ပြီး သူမရဲ့အကြိုက်ဆုံး ဂစ်တာသမား အသစ် လို့ လည်း ခေါင်း စဉ် တပ်ခဲ့ ပါတယ်။ ဖျော်ဖြေမှုပြီးဆုံးတဲ့ အခါမှာလည်း သူတို့ ၂ ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် နှုတ် ဆက် တဲ့ အနမ်းတွေ ပေးခဲ့ကြပါသေးတယ်။


Credit : http://www.starpulse.com/news