Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / iHeartRadio Music Awards ဆုပေးပွဲကို အမိုက်ဆုံးနဲ့ရှေးအကျဆုံး ဒီဇိုင်းဆင်မြန်း တက်ရောက်ခဲ့တဲ့ Taylor Swift

iHeartRadio Music Awards ဆုပေးပွဲကို အမိုက်ဆုံးနဲ့ရှေးအကျဆုံး ဒီဇိုင်းဆင်မြန်း တက်ရောက်ခဲ့တဲ့ Taylor Swift

| No comment

တနင်္ဂနွေနေ့က Los Angeles မှာကျင်းပတဲ့ iHeartRadio Music Awards ဆုပေးပွဲမှာတော့ Taylor Swift တစ်ယောက်သူ့ရဲ့သေးသွယ်တဲ့အသွင်အပြင်ကို ပြသခဲ့ပါတယ်။ သေးငယ်တဲ့ကျောက်မျက်ရတနာလေးတွေနဲ့ အလှဆင်ထားပြီး အင်္ကျီရဲ့ဘေးဖက်တွေမှာ ဖြတ်ထုတ်ထားတဲ့ ဒီဇိုင်းနဲ့ အနက်ရောင် mini dress ကို ၀တ်ဆင် ခဲ့တာဖြစ်ပါတယ်။ ဒီ ဆုပေးပွဲမှာတော့ Taylor တစ်ယောက် တစ်နှစ်တာ အတွက် အနုပညာရှင် ဆု၊ ‘Blank Space’သီချင်း အတွက် အကောင်းဆုံးစာသားဆု၊ ‘Shake if Off’ သီချင်းနဲ့ တစ်နှစ် တာ အတွက် သီချင်းဆု တို့ ကိုရရှိခဲ့ပါတယ်။
Taylor ဟာ မကြာသေးခင် ကပဲ DJ Calvin Harris ကိုဆက်သွယ် ထားပြီး လွန်ခဲ့တဲ့ တစ်ပတ်ကမှ Nashville ကိုအတူသွားရောက်ခဲ့ပြီး Kenny Chesneyရဲ့ The Big Revival Tour မှာပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ Swift ဟာ ကော်ဇောနီပေါ်မှာ ဒီဇိုင်းပေါင်းများ စွာနဲ့ လျှောက်လှမ်းခဲ့ပြီးသလို ဒီထဲကတော်တော်များများ ကတော့ ၈၀ခုနှစ်တွေမှာခေတ်စားတဲ့ ဖက်ရှင် ပုံစံတွေ ပါဝင်ပါတယ်။


Credit : http://www.starpulse.com/news