Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Jay-Z ပိုင်ဆိုင်တဲ့ Tidal ဂီတ၀န်ဆောင်မှု App

Jay-Z ပိုင်ဆိုင်တဲ့ Tidal ဂီတ၀န်ဆောင်မှု App

| No comment

Rocawear အမှတ်တံဆိပ် အ၀တ်အစား ထုတ်လုပ်ရေး လုပ်ငန်းရဲ့ ပိုင်ရှင် ရပ်ပါ Jay-Z ဂီတ ၀န်ဆောင်မှု App တစ်ခုကို ၀ယ်ယူလိုက်ပြီးတဲ့နောက် ဂီတ လောကမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်လို့ လာပါပြီ။ ဒီဂီတ ၀န်ဆောင်မှု ကတော့ အဆိုတော်တိုင်းဆီကို အကျိုးအမြတ်တွေ တိုက်ရိုက် ရောက် ရှိစေမှာ ဖြစ်ပါတယ်။ ထို Tidal ဂီတ၀န်ဆောင်မှုကိုတော့ နော်ဝေ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Aspiro က ဖန်တီးထားတာဖြစ်ပြီး Jay-Z က ထို ကုမ္မဏီ ကို ဒေါ်လာ ၅၆ သန်းနဲ့ ပြန်လည် ၀ယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထို Tidal ၀န်ဆောင်မှု မှာလည်း အခြားအဆိုတော်တွေကို ပါမျှဝေပိုင်ဆိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
 ဗီဒီယို မြောက်များစွာနဲ့ သီချင်းပေါင်းမြောက်များစွာကို ရယူခွင့်ပေးမယ့် ၀န်ဆောင်မှုတွေမှာ ၂ မျိုး ၂စား ခွဲခြားထားမှာဖြစ်ပြီး ပိုမို ကောင်းမွန်တဲ့အရည်အသွေး ကိုပေးစွမ်းနိုင်မယ့် HiFi ကတော့ တစ်လကို ဒေါ်လာ ၁၉.၉၉ ကျသင့်မှာဖြစ်ပြီး သာမာန်အရည်အသွေးနဲ့ ထွက်ရှိလာမယ့် Standard ကတော့ တစ်လကို ၉.၉၉ ဒေါ်လာ သာကျသင့်မှာဖြစ်ပါတယ်။ 
 Tidal ဟာ Sony Music Entertainment ၊ Universal Music Group နဲ့ Warner Music Group တို့အပါအ၀င် အခြား ဓါတ်ပြားတိုက်များစွာ နဲ့ ချိတ်ဆက်ထားပြီး အင်တာဗျူးများ ၊ သတင်းများ ၊ သမိုင်းမှတ် တမ်းများကို ၀န်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ Jay-Z နဲ့ ပူးပေါင်းခဲ့ကြတဲ့ အဆိုတော်တွေ ကတော့ Alicia Keys ၊ Beyonce’ ၊ Kanye West ၊ Madonna ၊ Nicki Minaj ၊ Rihanna ၊ Usher ၊ Daft Punk ၊ Deadmau5 တို့ဖြစ်ကြပါတယ်။ 


Credit : http://www.starpulse.com/news