Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Justin Bieber က ဘာကြောင့် Ariana Grande နဲ့အတူသီဆိုခဲ့တဲ့ စုံတွဲသီချင်းကို စိတ်တိုင်းမကျခဲ့တာလဲ?

Justin Bieber က ဘာကြောင့် Ariana Grande နဲ့အတူသီဆိုခဲ့တဲ့ စုံတွဲသီချင်းကို စိတ်တိုင်းမကျခဲ့တာလဲ?

| No comment

တစ်ကယ် လို့တစ်စုံတစ်ယောက်ကို သဘောကျလို့ သူ့အတွက် အံ့အားသင့်စေမယ့် စုံတွဲသီ ချင်းဆိုပွဲပြမယ် ဆိုရင် စာသားတွေကိုတော့သေချာပေါက်သိအောင်လုပ်ထားပါ လို့ Justin Bieber က ပြောလိုက်ပါတယ်။ ဒီတစ်ပါတ် စနေနေ့က Miami မှာပြုလုပ်တဲ့ Ariana Grande ရဲ့ပွဲမှာ ‘Love Me Harder’ သီချင်းနဲ့ ပါဝင်သီဆိုခဲ့တဲ့ Justin Bieber စာသားတွေမေ့နေတဲ့အတွက် သီချင်းဆိုတာ မှာကွက်လပ်တွေ အများကြီးနဲ့ ဖြစ်နေခဲ့ပါတယ်။ ‘Ariana ငါတစ်ကယ်ကို စိတ်မကောင်းပါဘူး၊စာသားတွေကိုမေ့နေတယ်’ ဆိုပြီး သီချင်းအပြီးမှာ Bieberက တောင်းပန်ခဲ့ပါတယ်။ 
စာသားတွေကို မှတ်မိဖို့စင်နောက်မှာ တစ်နာရီနီးပါး ကြိုးစားပြီးမှတ်နေခဲ့တာပါ လို့လည်းပြောခဲ့ပါတယ်။ ဒါနဲ့ပက်သက်လို့တော့ ဘယ်သူကမှ စိတ်ထဲမထားကြပုံမရပါဘူး။ အဲဒီ အချိန်တုန်းက Grande ပုံစံက ခြေကုန်လက်ပမ်း ကျနေပုံမရဘဲ၊ ပရိတ်သတ်တွေနဲ့ လူအုပ်ကြီးကိုလက်ညှိုးထိုးပြပြီး ‘ဘယ်သူမှ မကြားပါဘူး’ လို့အမူအရာနဲ့တောင်ပြလိုက်ပါသေးတယ်။ Biber ရဲ့သီချင်းတွေဖြစ်တဲ့ ‘ All That Matters’ နဲ့’ As Long As You Love Me’ ကိုလည်း Grande နဲ့အတူ တွဲဖက်သီဆိုခဲ့ပါသေးတယ်။ ‘Ariana ငါစာလုံးတွေအကုန်မေ့သွားပေမယ့် ပျော်ခဲ့ရပါတယ်’ ဆိုပြီး Instagram မှာ သူ့အဖြစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။


Credit : http://www.starpulse.com/news