Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Lindsay Lohan ရဲ့ မိထွေးဖြစ်တဲ့ Kate Major ၊ ခင်ပွန်းဖြစ်သူကို တိုက်ခိုက် ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရ

Lindsay Lohan ရဲ့ မိထွေးဖြစ်တဲ့ Kate Major ၊ ခင်ပွန်းဖြစ်သူကို တိုက်ခိုက် ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရ

| No comment

ဟောလီးဝုဒ် မင်းသမီး Lindsay Lohan ရဲ့  မိထွေးဖြစ်တဲ့ Kate Major ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ ကို တိုက် ခိုက်ခဲ့တဲ့ အတွက် အဖမ်းခံ ခဲ့ရပါတယ်။ Lindsay Lohan ရဲ့ ဖခင်ဖြစ်သူ Michael Lohan ဟာ ဖလော်ရီ ဒါပြည်နယ် Boca Raton ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူဟာ လင်မယား စကား များနေစဉ်မှာ သူ့ကို ရိုက်နှက်ခဲ့ပြီး သူ့ရဲ့ ကျောကို ကုတ်ခြစ် ခဲ့တယ်လို့ တိုင်ကြားခဲ့ တာပဲဖြစ်ပါတယ်။ 
Kate Major ဟာ လက်ရှိမှာ Palm Beach ထောင်မှာ အချုပ်ကျ ခံနေရပြီး တရားရုံးမှာ အမိန့်တော် ချ မှတ် ခံ ရန် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ ရဲဝန်ထမ်းတွေရဲ့ ပြောကြားချက် အရ Major ဟာ စကားမများ ခင်က အရက်သောက် ထားခဲ့ပြီး ခင်ပွန်းဖြစ်သူ Lohan က သူမ ကို ဖောက်ပြန် ခဲ့တယ်လို့ စွပ်စွဲ ရာကနေ စကား များခြင်း စတင် ခဲ့တာပဲဖြစ်ပါတယ်။
Kate Major ရဲ့ ပြောကြားချက် အရ Michael Lohan က သူမကို လည်ပင်း ညှစ်ခဲ့တယ်လို့ ဆိုပေမယ့် လည်း ရဲတွေက ခိုင်လုံတဲ့ သက်သေကို ရှာမတွေ့ခဲ့ကြပါဘူး။ Michael Lohan ဟာ ၂၀၁၁ ခုနှစ်မှာ Major ပါဝင်တဲ့ အိမ်ထောင်ရေုးပြသနာ တစ်ခုကြောင့် အဖမ်းခံ ခဲ့ရဖူးသလို Major ဟာလည်း ၂၀၁၄ ခုနှစ်တုန်းက ရဲ ၀န်ထမ်း တစ်ဦးကို တိုက်ခိုက် ခဲ့တဲ့ အတွက် အဖမ်းခံ ခဲ့ရဖူးပါတယ်။ လက်ရှိမှာ အသက် ၅၄ နှစ် အရွယ် ရှိ တဲ့ Michael Lohan နဲ့ အသက် ၃၂ နှစ် အရွယ် ရှိတဲ့ Kate Major တို့ဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ မှာ လက် ထပ်ခဲ့ ကြတာဖြစ်ပြီး ကလေး ၂ ယောက် မွေးဖွားခဲ့ကြပါတယ်။ 


Credit : http://www.starpulse.com/news