Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Mekhi Phifer ရဲ့ အမှတ်တရဖြစ်စေတဲ့ TGPLB ကျွမ်းကျင်ကျော်ကြားသူ များရဲ့ ကားမောင်းပြိုင်ပွဲ

Mekhi Phifer ရဲ့ အမှတ်တရဖြစ်စေတဲ့ TGPLB ကျွမ်းကျင်ကျော်ကြားသူ များရဲ့ ကားမောင်းပြိုင်ပွဲ

| No comment

Mekhi Phifer တစ်ယောက် Toyota Grand Prix of Long Beach ဆိုတဲ့ ကျွမ်းကျင်ကျော်ကြားသူ များရဲ့ ကားမောင်းပြိုင်ပွဲမှာ စိတ်ဝင် တစားပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ Insurgent နဲ့ ER သရုပ်ဆောင်ဖြစ်တဲ့ Mekhi က စနေနေ့မှာ ကျင်းပခဲ့တဲ့ ရန်ပုံငွေ ကားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ‘ ဒါဟာပျော်စရာကောင်းတဲ့ အချိန်ပါ၊ ဒီပွဲက ရန်ပုံငွေပွဲဖြစ်တဲ့ အတွက် ပျော်ဖို့ပဲပြင်ဆင် ထားပါတယ်။
ပြိုင်ပွဲကိုတော့ အလေးအနက် ထားပါတယ်၊ ဒါကလည်း အပျော်ပါ၊ ဒါကြောင့် ပြိုင်ပွဲမှာ ဦးဆောင်နိုင်အောင်တော့ ကြိုးစားသွားမှာပါ’ လို့ ပြောခဲ့ပါတယ်။ ‘ပြိုင်ပွဲပြီးတဲ့ အထိ ယှဉ်ပြိုင်နိုင် ဖို့ မျှော် လင့်နေခဲ့တာပါ’ ၊ ‘မာရသွန်ပြိုင်ပွဲလိုပဲ၊ တစ်ကယ်လို့  မာရသွန်မှာ ၀င်ပြိုင်ခဲ့ရင် ကင်ညာနိုင်ငံသား ပြိုင်ပွဲ ၀င် ကို ကျော်နိုင်ဖို့ မမျှော်လင့်ဘူး၊ သူနိုင်မှာပဲလေ၊ ပွဲပြီးတဲ့အထိ ယှဉ်ပြိုင်နိုင်ဖို့ ကိုတော့ မျှော်လင့်တယ်’ လို့ လည်း ပြောခဲ့ပါတယ်။
ဒီပြိုင်ပွဲနဲ့ ပက်သက်ပြီး Mekhi ဘယ်လောက်ပျော်ရွှင် ခဲ့ရလည်း ဆိုတာကိုလည်း ‘ အရမ်းမိုက်တယ်၊ အတွေ့ အကြုံကောင်းလည်း ရတယ်၊ ပျော်စရာ အရမ်းကောင်းတယ်’ လို့ ပြောခဲ့ပါတယ်။ Mekhi ရဲ့ ဇာတ်ကား အသစ်ဖြစ်တဲ့ Divergent Series, Allegiant- part 1 ကို ၂၀၁၆ မတ်လ ၁၈ ရက်နေ့ မှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။


Credit : http://www.starpulse.com/news