Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အိမ်မွေး ခွေးလေးသေဆုံးသွားတဲ့ အတွက် ၀မ်းနည်းကြေကွဲနေတဲ့ Paris Hilton

အိမ်မွေး ခွေးလေးသေဆုံးသွားတဲ့ အတွက် ၀မ်းနည်းကြေကွဲနေတဲ့ Paris Hilton

| No comment

သရုပ်ဆောင်နဲ့ အဆိုတော် Paris Hilton ဟာ သူမရဲ့  ၁၄ နှစ်အရွယ် ချီ ၀ှားဝှား အိမ်မွေး ခွေးလေး Tinkerbell သေဆုံး သွားတဲ့ အတွက် ၀မ်းနည်းကြေကွဲနေ တယ်လို့ သိရပါတယ်။ မကြာမကြာ သူမ ရဲ့ ခွေးလေး နဲ့ အတူ တွေ့ရတတ်တဲ့ Paris Hilton ဟာသူမရဲ့ Instagram စာမျက်နှာမှာ သူမ ရဲ့ ခွေးလေးသေ ဆုံး သွားတဲ့အတွက် အရမ်း ၀မ်းနည်း ကြေကွဲနေရကြောင်းကို ရေးသားခဲ့ပါတယ်။ သူမရဲ့ ခွေးလေးဟာ တစ်ကယ်တော့ အိမ်မွေးခွေးတွေရဲ့ သဘာဝ အတိုင်း အသက် အရွယ် ကြီးလာတဲ့ အ တွက် သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
 ထို Tinkerbell ခွေးလေးဟာ ၂၀၀၄ ခုနှစ်မှာ တုန်း က လည်း ခေါင်းစည်း သတင်းမှာ ပါဝင်လာခဲ့ဖူးပါတယ်။ Paris Hilton နဲ့ ညီမဖြစ်သူ Nicki တို့ ရဲ့ နေ အိမ် ကို သူခိုးအခိုးခံခဲ့ရပြီး Tinkerbell လေးလည်း ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း Tinkerbell လေး ဟာ ၆ ရက်အကြာမှာ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ သူခိုးခိုးခံခဲ့ရတဲ့အတွက် လည်း Paris Hilton တို့နေ အိမ်မှာရှိတဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ ဒေါ်လာ ၂ သန်းဖိုးခန့် ဆုံးရှုံး ခဲ့ရတယ် လို့သိရပါတယ်။


Credit : http://www.starpulse.com/news