Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Sam Smith ဟာ အသံပိုင်းဆိုင်ရာ ဝေဒနာကြောင့် သြစတြေးလျ ဖျော်ဖြေရေးအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ရပါသတဲ့

Sam Smith ဟာ အသံပိုင်းဆိုင်ရာ ဝေဒနာကြောင့် သြစတြေးလျ ဖျော်ဖြေရေးအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ရပါသတဲ့

| No comment

အင်္ဂလန်နိုင်ငံသား အဆိုတော် Sam Smith ဟာ အသံပိုင်း ဆိုင်ရာဝေဒနာ ခံစားရပြီးနောက် သူ့ရဲ့  သြစတြေး လျ ဖျော်ဖြေရေး အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ အင်္ဂါနေ့ ကပဲ ဒီသတင်းကို သူက Instagram ကတစ် ဆင့် အတည်ပြုပေးခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေကို ဆရာဝတ်က သီချင်းသီဆိုမှု ရပ်ဆိုင်းပြီး အသံအတွက် အနား ယူဖို့ လိုအပ်ကြောင်း ညွှန်ကြားခဲ့တယ်လို့ ပြောပြထားပါတယ်။

Smith က “ သြစတြေးလျ ပရိတ်သတ်တွေကို ဖျော်ဖြေရေးခရီးစဉ် ဖျက်သိမ်းရတဲ့ အကြောင်း ပြောရတာ ကျွန်တော် အရမ်းအရမ်းကို ၀မ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ အသံအိုးမှာ ထိခိုက်မှု အနည်းငယ် ရှိတဲ့ အ တွက် ဆရာဝန်က ပြန်လည် သက်သာကောင်းမွန် လာစေဖို့ ခဏ အနားယူရမယ်လို့ ပြောပါတယ်။ ဒါမှ ရေရှည် အတွက် အဆင်ပြေမယ်လို့ ပြောပါတယ်။ လက်မှတ် ၀ယ်ယူထားကြတဲ့ ပရိတ်သတ်တွေ ကို လည်း ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။

အချိန်တို အတွင်းမှာ ပွဲပြန် လည်ကျင်း ပ မယ့် နေ့ကို ကြေညာပေး သွားမှာဖြစ်ပါတယ်။ ကျွန်တော့် ကို တော်တော် စိတ်အနှောက် အယှက် ဖြစ်စေ ပါတယ်” လို့ပြော သွားပါသတဲ့။ Smith ရဲ့ ပရိသတ်တွေ ကတော့ ဒီဇင်ဘာလ အထိ သူပြန် လာချိန် ကို စောင့်ကြမယ် လို့ ဆိုပါတယ်။ သူ့ပွဲတွေကို စီစဉ်ပေးနေတဲ့ Frontier Touring က တာဝန် ရှိသူတွေ ဟာ လည်း သူပြန် လာနိုင် မယ့် အချိန် ကို ပြန် လည်ပြင် ဆင်ရေး ဆွဲနေကြပါတယ်။ 


Credit : http://www.starpulse.com/news