Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Silas Randall Timberlake ရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံ

Silas Randall Timberlake ရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံ

| No comment

Jessica Biel က ပြီးခဲ့တဲ့ တစ်ပါတ် ကပဲ Silas Randall Timberlake ကို မွေးဖွားခဲ့ပါတယ်။ ဒါ့ကြောင့် သူရဲ့ ဇာတ်ကားသစ် အတွက် တင်ဆက်မှု မလုပ်နိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ Biel အတွက် ကိုယ်ဝန်ဆောင်ပြီးပြီးချင်း ဟောလီးဝုဒ်ကို သွားဖို့ အဆင်သင့်ဖြစ်နေမှာ မဟုတ်ဘူးလို့ Yohoo သတင်း မှာ ဖော်ပြထားပါတယ်။ 
ဒါပေမယ့် Biel နဲ့ ခင်ပွန်းဖြစ်သူ Justin Timberlake က New York မှာ ကျင်းပတဲ့ Tribeca ရုပ်ရှင် ပွဲတော် ကို တက်ရောက်ခြင်း မရှိပဲ သူတို့  ရဲ့ အသစ်စက်စက် ရင်သွေးလေးရဲ့ ဓါတ်ပုံနဲ့ လူထု ဆီ ကိုရောက် ရှိ လာ ပါတယ်။ Timberlake က Silas ကို Biel ပွေ့ချီ ထားတဲ့ပုံကို Instagram မှာတင် ခဲ့တာဖြစ်ပြီး တစ်ကယ်ကို ချစ်စရာကောင်းပါတယ်။ Silas ဟာ သူ့ အဖေ၊ အမေနဲ့ အတူ Memphis Grizzlies ဘတ်စကက်ဘော အသင်း ကို အားပေးဖို့ အတွက် အသင်းဝတ်စုံကို ၀တ်ဆင်ထားပါတယ်။ Timberlake က Grizzlies ရဲ့ ပရိတ်သတ် တစ်ယောက်ဖြစ်ပြီး အသင်းပိုင်ရှင် လည်းဖြစ်ပါတယ်။ 
ဓါတ်ပုံကို ‘Timberlakes are ready!!! GO GRIZZ’ ဆိုတဲ့ စာသားရေးပြီးတင်ခဲ့တာပါ။Biel နဲ့ Timberlake  တို့ဟာ သူတို့  ရဲ့  ရည်ရွယ်ချက်တွေ ကိုဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ စိတ်အား ထက်သန်ကြသလို၊ မိသားစု အရေး ကို ပထမထားပြီး ဂရုစိုက်တာဟာ မြင်ရတာ စိတ်ချမ်း သာစ ရာပါပဲ။ 


Credit : http://www.starpulse.com/news