Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂျိန်းစ်ဘွန်း ဇာတ်လမ်းသစ် “Spectre” ကို ရိုက်ကူးနေစဉ် ရရှိခဲ့တဲ့ ဒူးခေါင်း ဒဏ်ရာကို ခွဲစိတ်ခဲ့ရတဲ့ Daniel Craig

ဂျိန်းစ်ဘွန်း ဇာတ်လမ်းသစ် “Spectre” ကို ရိုက်ကူးနေစဉ် ရရှိခဲ့တဲ့ ဒူးခေါင်း ဒဏ်ရာကို ခွဲစိတ်ခဲ့ရတဲ့ Daniel Craig

| No comment

လျှို့   ၀ှက်စုံထောက် ဂျိန်းစ်ဘွန်း ဆိုတာနဲ့ သန်မာတဲ့ လူရည်သန့် တစ်ယောက် လို့ပဲ အားလုံးက သိထား ကြသလို နောက်ဆုံး အနေနဲ့ လက်ခံ ထားကြတဲ့ ဂျိန်းစ်ဘွန်း မင်းသားက Daniel Craig ပါ။ ဒါပေမယ့်လည်း Daniel Craig ဟာ ပြီးခဲ့တဲ့ အပတ် Easter နေ့က သူ့ရဲ့  ဒူးခေါင်း ဒဏ်ရာ ကို ခွဲစိတ်ထားရပါတယ်။ လွန်ခဲ့တဲ့ ၂ လခန့်က လန်ဒန်မြို့  မှာရှိတဲ့ Pinewood စတူဒီယိုမှာ ဂျိန်းစ်ဘွန်း ဇာတ်လမ်း သစ်ဖြစ်တဲ့ Spectre ဇာတ်လမ်း အတွက် ရိုက်ကူးနေစဉ်မှာ အသက် ၄၇ နှစ် အရွယ် မင်းသားဟာ မတော်တဆ ထိခိုက် ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
Daniel Craig ဟာ ထို ဒဏ်ရာ နဲ့ပဲ ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးနေ ခဲ့ပြီး Easter နေ့ အားလပ်ရက် မှာမှ နယူးယော့ခ် သို့ ပြန်လာပြီး ခွဲစိတ်ကုသမှု ပြု လုပ်နိုင်ခဲ့ တာဖြစ် ပါတယ်။ ခွဲစိတ်မှုကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပေမယ့် ထို ခွဲစိတ်မှု အတွက် လိုအပ်တဲ့ အနားယူ ချိန်တွေက Spectre ဇာတ်လမ်း ရိုက်ကူးရေးကို ကြန့်ကြာစေနိုင် လားဆို တာတော့ မေးခွန်း ထုတ် စရာ ဖြစ်ခဲ့ရပါတယ်။
ထို ရုပ်ရှင် ရိုက်ကူးရေး နဲ့ နီးစပ်သူ တစ်ယောက် ကတော့ Daniel Craig ရဲ့  ခွဲစိတ် မှုကြောင့်တော့ ဇာတ်လမ်း ထွက်မယ့် ရက်ကို ကြန့်  ကြာစေမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုထားပါတယ်။ Spectre ဇာတ်လမ်း ဟာ နိုဝင်ဘာ လ ၆ ရက်နေ့မှာ ရုံတင်ပြသရန် စီစဉ်ထားတာဖြစ်ပါတယ်။


Credit : http://www.starpulse.com/news