Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Stephen Hawking က One Direction အဖွဲ့မှ Zayn Malik နှုတ်ထွက်သွားတာကို သတင်းကောင်းပြောသွားပါသတဲ့

Stephen Hawking က One Direction အဖွဲ့မှ Zayn Malik နှုတ်ထွက်သွားတာကို သတင်းကောင်းပြောသွားပါသတဲ့

| No comment

ဗြိတိသျှ သိပ္ပံပညာရှင် Stephen Hawking က One Direction အဖွဲ့မှ Zayn Malik နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် သတင်းကောင်း ပေးလာပါတယ်။ ပရောဖက်ဆာဟာ Sydney Opera House မှာ 3D Hologram ဖွဲ့စည်းပုံ အကြောင်း စနေနေ့က လက်ချာပေးစဉ် လူသားတွေရဲ့ နာဂတ်နဲ့ ပတ် သက်ပြီးလည်း ရှင်းလင်းပြောကြားစဉ် Boy Band မှ Malik ရဲ့ နှုတ်ထွက်မှုအကြောင်းနဲ့ပတ်သက်ပြီး လူ သားတွေ အတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာကို မေးမြန်းခဲ့တဲ့သူ ရှိပါသတဲ့။ 

TheGuardian ရဲ့ ဖော်ပြ ချက်အရ Hawking က နောက်ဆုံးတော့ အရေးကြီး တဲ့မေးခွန်းတွေ အပိုင်း ကို ရောက် လာပါပြီ လို့ ဟာသနှောပြီး ပြောသွားပါတယ်။ အသဲကွဲနေကြတဲ့ မိန်းကလေးငယ်တွေကို ကျွန်တော် အကြံပေးချင်တာကတော့ သီအိုရီကယ် Physics လေ့လာတဲ့အပိုင်းမှာပဲ အာရုံစိုက် ပါ လို့ ပြော ချင်ပါတယ်။ 

ဘာလို့လဲဆိုတော့ တစ်နေ့မှာ စကြာဝဋ္ဌာတွေ အများကြီးရှိတဲ့ အကြောင်း သက်သေပြနိုင်တဲ့အခါ တခြား မတူညီ တဲ့ စကြာဝဋ္ဌာတွေ တည်ရှိနေပြီး အဲ့ဒီမှာရှိတဲ့ Zayn ဟာ One Direction အဖွဲ့မှာပဲ ဆက်လက် တည်ရှိနေတာ ဖြစ်နိုင်ပါတယ်။ တခြားဖြစ်နိုင်တဲ့ စကြာဝဋ္ဌာတစ်ခုမှ အခု အသဲကွဲနေတဲ့ မိန်းကလေးတွေ ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ထပ်ပွဲကျင်းပနေကြတာတောင် ဖြစ်နိုင်ပါသေးတယ်လို့ Hawking ကဆက် လက်ပြောကြားသွားပါသေးတယ်။


Credit : http://www.starpulse.com/news