Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Tim McGraw နဲ့ Faith Hill တို့ဟာ သူတို့ရဲ့ သမီး ၃ယောက်ကို ပွဲထုတ်ခဲ့ပါတယ်

Tim McGraw နဲ့ Faith Hill တို့ဟာ သူတို့ရဲ့ သမီး ၃ယောက်ကို ပွဲထုတ်ခဲ့ပါတယ်

| No comment

Tim McGraw နဲ့ Faith Hill တို့ဟာ သူတို့ရဲ့ သမီး ၃ယောက်ကို အင်္ဂါနေ့ ညက ကျင်းပတဲ့ ကမ္ဘာ့ပေါ်မှာ သြဇာ လွှမ်းမိုးမှု အရှိဆုံး လူ ၁၀၀ ရွေးချယ်တဲ့ Time 100 Gala ပွဲကို ခေါ်လာပြီး ပွဲထုတ်ခဲ့ပါတယ်။ သမီး ၃ ယောက်ဖြစ်တဲ့ Gracie - ၁၇ နှစ်၊ Maggie - ၁၆ နှစ်နဲ့ Audrey - ၁၃ နှစ် တို့ဟာ သူတို့မိခင် နဲ့အတူ သူ့ရဲ့ သီချင်းတွေ အတွက် ဒီနှစ်မှာ ဆုရရှိခဲ့တဲ့ McGraw ရဲ့ ပရိတ်သတ်တွေ အဖြစ် တက်ရောက်ခဲ့ပါသတဲ့။ ပွဲအခမ်းအနား မစခင် ကောဇောနီပေါ်မှာ “ တစ်မိသားစုလုံး ပါပါတယ် “ လို့ McGraw က ET Online ကို ပြောပြသွားပါတယ်။
 “ ကျွန်တော်တို့ ဒီပွဲကိုစောင့်နေခဲ့တာ ကြာပါပြီ။ ဒါက နယူးယောက်ရဲ့ ခမ်းနားတဲ့ ညတစ်ခုပါတယ်။ Faith နဲ့တူတူ ပြီးခဲ့တဲ့ ညတွေကလည်း ရုပ်ရှင်တူတူ သွားကြည့် ခဲ့ပါသေးတယ်။ ခုတော့ ဒီပွဲကို တက်ရောက် ခဲ့ တာပါ။ အရမ်းပျော်စရာကောင်းပါတယ်” လို့လည်း ပြောကြားသွားခဲ့ပါသတဲ့။ Hill က McGraw အတွက် “ ကျွန်မတို့အားလုံး သူ့အတွက် အမြဲ ဂုဏ်ယူနေခဲ့ကြတာပါ။ 
ဒါပေမယ့် ဒီညတော့ သမီးတွေနဲ့ အတူ ဒီနေရာမှာ ရှိနေရလို့ ပိုပျော်ပါတယ်” လို့ ပြောခဲ့ပါတယ်။ သူတို့တွေ က ၁၈၊ ၁၆ နဲ့  ၁၃ နှစ်တွေဖြစ်နေပါပြီ။ မြန်မြန် ဆန်ဆန်ကိုပဲ ကြီးပြင်း လာခဲ့ကြတာပါ။ သူတို့နဲ့ အတူတူ ဒီလိုပျော်စရာတွေ လုပ်ရတာ ကောင်းပါတယ် “ လို့လည်း McGraw က E! News ကိုပြောပြခဲ့ပါတယ်။ 


Credit : http://www.starpulse.com/news