Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ‘World’s Most Beautiful’ ထိပ်ဆုံးစာရင်းဝင် Sandra Bullock

‘World’s Most Beautiful’ ထိပ်ဆုံးစာရင်းဝင် Sandra Bullock

| No comment

၂၆ကြိမ်မြောက် ‘World’s Most Beautiful’ အတွက် Sandra Bullock ကို ပရိတ်သတ်တွေက တခဲနက် ရွေးချယ်ခဲ့ပါတယ်။ ၅နှစ် အရွယ် သားလေး Louis ရဲ့ မိခင်ဖြစ်နေခြင်းကပဲ အော်စကာဆုရှင် Sandra ကို နေ့ ရက်တိုင်းမှာ အလှပဆုံးဖြစ်နေစေတာပါ။ ‘သားလေးကို ပထမ ဆုံးကျွေးမွေးပြု စုရတဲ့ အချိန် မှာပဲ ကျွန်မဘ၀ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိခဲ့ရပါတယ်။

ကျွန်မတစ်ကယ် ကံကောင်းတဲ့သူပါပဲ။’ လို့ ပြောခဲ့ပါတယ်။ သူရဲ့ တစ်ကယ့် အလှစစ်ကို ဖွင့်ဆိုချက်ကတော့ ‘ဒါဟာတစ်ကယ် ရိုးစင်းပါတယ်။ အဓိက အားဖြင့် ဒီမြို့ မှာ ‘ငါဒီလိုမျိုးဖြစ်ဖို့ လိုတယ်’ဆိုတာမျိုး မပြောဖို့ ခက်ကြ ပါတယ်။ ဒါမဟုတ်ဘူးလေ။ လူကောင်းဖြစ်ဖို့၊ မိခင်ကောင်းဖြစ်ဖို့၊ ကောင်းတဲ့အလုပ်လုပ်ဖို့ပါပဲ။ ကျွန်မတွေ့ ရ တဲ့ အလှပဆုံး သူတွေ ကတော့ တစ်စုံတစ်ခုနဲ့ တူဖို့ကြိုးစား မနေတဲ့ သူတွေပါပဲ။’

သူအနေနဲ့တော့ မိခင်တစ်ယောက်ဟာ အလှပဆုံးပါပဲတဲ့။ ‘ကျွန်မသရုပ်ဆောင် ခဲ့တာတွေကို လှပတယ်လို့ မခံစားရဘူး။ ဒါပေမယ့် အလုပ်မှာတော့ ပိုပြီးလှလာပါတယ်။ ရုပ်ရှင်ပေါ်မှာ အသက်ကြီးလာတာ အတွက် မပူ ပါဘူး။ ဒါကို လှပခြင်းလို့ သဘောမထားတဲ့ အတွက်ကြောင့်ပါ။’


Credit : http://www.starpulse.com/news