Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၀တ်လစ်စလစ်နီးပါး ၀တ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ Beyonce

ဝတ်လစ်စလစ်နီးပါး ၀တ်ဆင်ပြီး ပွဲတက်ခဲ့တဲ့ Beyonce

| No comment

Met Gala ပွဲတော်ကို တက်ရောက်လာတဲ့ Beyonce ရဲ့ ဖက်ရှင်


တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ Met Gala ဆိုတဲ့ ဖက်ရှင် ပိုင်းဆိုင်ရာ အခမ်းအနားမှာ အားလုံးရဲ့ မျက်လုံး တွေ က Beyonce င်္ဆီကိုပဲ ရောက်နေခဲ့ပါတယ်။ 

Beyonce ဟာ ဒီတစ်ခေါက်မှာတော့ Kim Kardashian နဲ့ Jennifer Lopez တို့ကို ဖက်ရှင်ပိုင်း အရ အနိုင်ယူလိုက်နိုင်ပါတယ်။ သူမဟာ Givenchy က ထုတ်လုပ်တဲ့ ဇာအပါး ပွဲတက်ဝတ်စုံ ကို ၀တ်ဆင်ထားပြီး ထိုဝတ်စုံ က သူမ ခန္ဓာကိုယ် ရဲ့ ကောက်ကြောင်းတွေ တိုင်းကို ထင်ရှားစွာ ဖော်ပြပေးထားပါတယ်။

သူမရဲ့ ရွှေအိုရောင် ဆံနွယ်တွေ ကိုလည်း ပိုနီတေး ပုံစံ မျိုး အမြင့်မှာ ထုံးကာ စည်းထားပြီး ပန်းရောင်နှုတ် ခမ်းနဲ့ မှိန် ဖျော့ဖျော့ မိတ်ကပ်တို့ ကို လိမ်းခြယ်ထားပါတယ်။ 

မကြာသေးမီကမှ Tidal ဂီတ၀န်ဆောင်မှု စာမျက်နှာကို ထူထောင်ခဲ့တဲ့ Rap အဆိုတော် ကြီး Jay-Z နဲ့ အတူ ပွဲတက်လာခဲ့တဲ့ ဇနီးဖြစ်သူ Beyonce ရဲ့ ပွဲတက်ဝတ်စုံဟာ တစ်ကယ်တော့ အရာအားလုံးကို ဖောက် ထွင်း မြင်နိုင်သည်အထိ ပါးလွှာ တဲ့ ဂါဝန်ပါ။ ဂါဝန်ပေါ်မှာ ထပ်ပြီး ချုပ်လုပ်ထားတဲ့ ဘော်ကြယ်တွေသာ မပါခဲ့ရင် သူမဟာ ၀တ်လစ်စလစ် နီးပါးဖြစ်နေမှာပါ။

ရွှေရောင်နားဆွဲ ကို ၀တ်ဆင်ပြီး လှပနေတဲ့ Beyonce ကို အားလုံးရဲ့ မျက်လုံးများက မခွာနိုင်ဖြစ်နေကြသလိုပဲ ခင်ပွန်းဖြစ်သူ Jay-Z ကိုယ်တိုင်က ကြည့်မ၀ ဖြစ်နေခဲ့ပါတယ်တဲ့။

ဂီတသမားတွေထဲမှာ အချမ်းသာဆုံးဇနီးမောင်နှံ - Beyonce နဲ့ Jay-Z


Ref : Mirror