Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တန်ဖိုးကြီး ရှန်ပိန်တွေ ရေနွေးကန်ထဲ သွန်ချခဲ့တဲ့ အတွက် Beyonce ဝေဖန်ခံရ

တန်ဖိုးကြီး ရှန်ပိန်တွေ ရေနွေးကန်ထဲ သွန်ချခဲ့တဲ့ အတွက် Beyonce ဝေဖန်ခံရ

| No comment



Beyonce ဟာ Nicki Minaj နဲ့ အတူ သီဆိုထားတဲ့ "Feelinf Myself" ဆိုတဲ့ သီချင်းဗီဒီယို ကို သူ့ရဲ့ ခင်ပွန်း Jay-Z ပိုင်ဆိုင်တဲ့ Tidal ဂီတ၀န်ဆောင်မှု စာမျက်နှာကတစ်ဆင့် ဖြန့်ချီပြီးတဲ့နောက်မှာ ပရိတ်သတ်တွေ မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာခဲ့ပါတယ်။

Beyonce ဟာ ထိုဗီဒီယိုထဲမှာ Armand de Brignac ခေါ် Ace of Spades ဆိုတဲ့ အကောင်းစား ရှန်ပိန် တစ်မျိုးကို ရေနွေးကန်ထဲ လောင်းထည့်လိုက်တဲ့ အခန်းပါဝင်ပြီး ထို အခန်းကြောင့်ပဲ ပရိတ်သတ်တွေက စောဒက တက်ခဲ့ကြတာပါ။

ထို ရှန်ပိန် အမှတ်တံဆိပ်ဟာ သတ္တု ပုလင်းတွေနဲ့သာ ထုတ်လုပ်ပြီး တန်ဖိုအားဖြင့် ဒေါ်လာ ၃၀၀ ကနေ စတင်ရှိနိုင်ပေမယ့်လည်း Beyonce အသုံးပြုခဲ့တဲ့ "Midas" ဆိုတဲ့ ၃၀ လီတာသာ ပါဝင်တဲ့ ပုလင်းကတော့ ဒေါ်လာ ၁၀၀,၀၀၀ အထိ တန်ဖိုးရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာ ပရိတ်သတ်တစ်ယောက်က Beyonce ဗီဒီယိုထဲမှာ လောင်းထည့်လိုက်တဲ့ ရှန်ပိန်တွေဟာ သူ့ရဲ့ ကောလိပ်ကျူရှင်လစာ နဲ့ညီမျှနေတယ်လို့ ရေးသားထားသလို အခြား ပရိတ်သတ်တွေကလည်း ထိုရှန်ပိန် တွေသွန်ချဖို့ အတွက် သုံးလိုက်တဲ့ ငွေကြေး ပမာဏ က အခြား အကျိုးရှိတဲ့ နေရာမှာ သုံးသင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

အမှန်တစ်ကယ်ကတော့ Beyonce ဟာ ရှန်ပိန် တစ်ပုလင်းကို ရေနွေးကန်ထဲ သွန်ချလိုက်တာမှန်ပေမယ့် ထို နာမည်ကြီး ရှန်ပိန် အမှတ်တံဆိပ်ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Shawn Carter ခေါ် Jay-Z ပိုင်ဆိုင်တဲ့ ရှန်ပိန် အမှတ်တံဆိပ် ဖြစ်တဲ့အတွက် Beyonce အတွက် သိပ်အကုန်အကျများခဲ့မှာ မဟုတ်ပါဘူး။

ရေနွေးကန်ထဲ တန်ဖိုးကြီး ရှန်ပိန်တွေ သွန်ချနေတဲ့ Beyonce


Ref : Starpulse