Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ၀န်ခံလိုက်တဲ့ လူပုလေး Bill Klein

ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ၀န်ခံလိုက်တဲ့ လူပုလေး Bill Klein

| No comment



စာအုပ်အသစ်မိတ်ဆက်ပွဲ တစ်ခု ကိုဇနီးသည်ဖြစ်သူ Dr.Jen Arnold နဲ့ အတူ ပြုလုပ်နေတဲ့ "Little Couple"ဇာတ်လမ်းတွဲရဲ့ ကြယ်ပွင့် လူပုလေး Bill Klein က သူ့အနေနဲ့ စိတ်ကျရောဂါကို ရင်ဆိုင်ခဲ့ရဖူးပြီး ကိုယ့်ကိုကိုယ် သတ်သေ ဖို့ ကြိုးစားဖူးတယ်လို့ ၀န်ခံလိုက်ပါတယ်။

ထို လူပုလေး စုံတွဲဟာ HuffPost သတင်းဌာန နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ သူတို့ လင်မယားရဲ့ ပုဂ္ဂိုလ်ရေး ဘ၀တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အသက် ၄၀ အရွယ် ရှိနေပြီဖြစ်တဲ့ Bill Klein ဟာ အရပ် ၄ ပေသာ ရှိပြီး Spondyloepiphyseal Dysplasia လို့ခေါ်တဲ့ အရိုး အဆစ် မဖွံ့ဖြိုးတဲ့ရောဂါ တစ်မျိုးကို ခံစားနေရသူလည်းဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ သူဟာ သူမှတ်မိတာထက် ပိုပြီး နှိမ့်ချ လှောင်ပြောင်ခံခဲ့ရပြီး စိတ်ဖိစီးမှုတွေကို ရုန်းကန်ဖြတ်ကျော်ခဲ့ရသလို ကိုယ့်ကိုကိုယ် သတ်သေဖို့လည်း အကြိမ်ကြိမ်တွေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

"ကောလိပ်မှာတုန်းက ကျွန်တော်ဟာ အဆိုးဆုံး စိတ်ဖိစီးမှု တွေကို ကြုံခဲ့ရပြီး သတ်သေဖို့ အထိ ဖိအားတွေပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မှ ကျွန်တော့်ဘ၀ ဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်လာတာပါ။ နှစ်တိုင်းနှစ်တိုင်း ကျွန်တော့်ဘ၀ဟာ ပိုမို ကောင်းမွန်လာပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကလေးတွေကို ကျွန်တော် ဖြစ်ပျက်ခဲ့တာထက်ပိုပြီး သင်ပေးနိုင်ခဲ့ပါတယ်။" လို့ Klein က ပြောပြခဲ့ပါတယ်။

သူတို့စုံတွဲမှာတော့ အသက် ၃ နှစ်အရွယ် Will နဲ့ Zooey ဆိုတဲ့ ကလေး ၂ ယောက်ရှိနေပါပြီ။ သူတို့ ၂ ယောက်ဟာ သူတို့ ၁၀ နှစ်အရွယ်တွေမှာ ဆေးရုံ မှာ စတင် ဆုံတွေ့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ အွန်လိုင်းမှာ ပြန်တွေ့ကာ ချစ်ကြိုက်ခဲ့ကြတာဖြစ်တယ်လို့ Bill Klein နဲ့ Jen Arnold တို့ ကဆိုပါတယ်။

( Mario )

Ref : starpulse