Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒီတစ်ပတ် အတွက် Billboard ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Twenty One Pilots အဖွဲ့ရဲ့ အခွေသစ်

ဒီတစ်ပတ် အတွက် Billboard ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Twenty One Pilots အဖွဲ့ရဲ့ အခွေသစ်

| No comment



အောင်မြင်တဲ့ အဆိုတော် အသစ်တွေ ရပ်တည်ရာ နေရာဖြစ်တဲ့ Billboard ရဲ့ ထိပ်ဆုံးစာရင်း မှာ မျက်နှာသစ် အဆိုတော် တွေ ပေါ်ထွက်လာပြန်ပါပြီ။

Twenty One Pilots ဆိုတဲ့ အော်တာနေးတစ်ဗ် အဖွဲ့ရ့ ဒုတိယ မြောက် အခွေ Blurryface အခွေဟာ ဒီတစ်ပတ် အတွက် Billboard ရဲ့ ထိပ်ဆုံး ၂၀၀ ထဲမှာ နံပါတ် ၁ နေရာ မှာ ရပ်တည်နေခဲ့ပါပြီ။ Twenty One Pilots ရဲ့ Blurryface အခွေဟာ တစ်ပတ်အတွင်း ၁၄၇,၀၀၀ အချပ်ရေ ရောင်းချနိုင်ခဲ့ပါတယ်။

အမှန်တစ်ကယ်တော့ Billboard ထဲ ရောက်လာတဲ့ မျက်နှာသစ် အဆိုတော်ဟာ Twenty One Pilots တစ်ဖွဲ့ထဲ မဟုတ်ပါဘူး။EDM ပညာရှင်တစ်ယောက်ဖြစ်တဲ့ Zedd ရဲ့ True Colors ဆိုတဲ့ အခွေဟာလည်း အချပ်ရေပေါင်း ၅၀၀၀၀ တိတိရောင်းချနိုင်ခဲ့ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

အခြား အဆိုတော်အသစ်တွေအဖြစ်လည်း Sawyer Fredericks ဆိုသူရဲ့ အခွေဟာ နံပါတ် ၆ နေရာ မှာ ရှိနေသလို Jamie Foxx ရဲ့ Hollywood: A Story of a Dozen Roses ဆိုတဲ့ အခွေဟာလည်း တစ်ပတ်အတွင်း အချပ်ရေ ၃၆၀၀၀ ရောင်းချ နိုင်ခဲ့ပြီး နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

နောက်တစ်ပတ် အတွက် လည်း Billboard စာရင်းထဲ ဘယ်သူတွေခြေချလာဦးမယ်ဆိုတာကို ကြိုတင်တွေးကြည့်ရမယ်ဆိုရင် ၂၀၀၃ ခုနှစ်က Long.Live.A$AP ဆိုတဲ့ အခွေနဲ့ နံပါတ် ၁ နေရာ ရောက်ခဲ့ဖူးတဲ့ A$AP Rocky ရဲ့ အခွေသစ် AT.LONG.LAST.A$AP ဆိုတဲ့ အခွေဟာလည်း နောက် တစ်ပတ်ထဲမှာ ထွက်လာတော့မှာ ဖြစ်ပါတယ်။

( Mario )

Ref : Starpulse