Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Blues ဂီတ ရဲ့ ဂန္တ၀င် အဆိုတော် BB King ကွယ်လွန်

Blues ဂီတ ရဲ့ ဂန္တ၀င် အဆိုတော် BB King ကွယ်လွန်

| No comment



Blues ဂီတ ရဲ့ ဂန္တ၀င် အဆိုတော် နဲ့ ဂစ်တာသမား BB King ဟာ အသက် ၈၉ ခုနှစ်မှာ ကွယ်လွန်သွား ခဲ့ပါတယ်။

King ဟာ Las Vegas ကနေအိမ် မှာ အိပ်ပျော်နေရင်း ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက ဆိုပါတယ်။

BB King ဟာ ရေဓါတ်ခမ်းခြောက်မှု ကြောင့် ဆေးရုံတက်နေခဲ့ရာမှ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိမ်ကိုပြန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရေဓါတ်ခမ်းခြောက်ရတဲ့ အကြောင်းအရင်းကတော့ ဆီးချိုသွေးချို ရောဂါကြောင့်ဖြစ်ပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ သူ့ရဲ့ တရားဝင် ၀က်ဘ်ဆိုက်မှာ "ကျွန်တော် အားလုံးကို ဆုမွန်ကောင်းတောင်း ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပိုမိုနေကောင်းလာပြီး ဒီနေ့ပဲ ဆေးရုံက ဆင်းပါတယ်။" လို့ ရေးသားခဲ့ပါသေးတယ်။

သူ့ရဲ့ သမီးဖြစ်သူ Claudete King ကလည်း သူမရဲ့ ဖခင်ဟာ တနင်္လာနေ့က အထိ ကျန်းကျန်းမာမာနဲ့ နေပိုကောင်းလာတဲ့ ပုံ မျိုး ရှိနေသေးတယ်လို့ ၀န်ခံထားပါသေးတယ်။ BB King ဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် နယ်လှည့်ဖျော်ဖြေပွဲ ၈ ခုကို ပယ်ဖျက်ထားရပြီး အိမ်မှာပဲ နားနေခဲ့ရတာပါ။

BB King ကို King of Blues အဖြစ်လည်း တင်စားခေါ်ဝေါ်ကြပြီး သူဟာ ၆၅ နှစ်တိတိ နယ်လှည့်ဖျော်ဖြေပွဲ တွေကို လိုက်လံဖျော်ဖြေခဲ့သလို တစ်နှစ်ကိုလည်း ရှိုးပွဲ ၃၀၀ ခန့် ဖျော်ဖြေတယ်လို့ သိရပါတယ်။

ဒီနှစ်ပိုင်းတွေထဲမှာတော့ သူ့ရဲ့ ဖျော်ဖြေရေး နှုန်းထားတွေ လျော့နည်းသွားခဲ့ပြီး ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး ဂရမ်မီ ဆု ရခဲ့တဲ့ ၄၂ ခွေမြောက် album One King Favor ပြီးကတည်းက အခွေမထွက်နိုင်တော့တာလည်း ဖြစ်ပါတယ်။

Ref : Mirror