Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Brad Pitt နဲ့ Angelina Jolie တို့ရဲ့ New Orlean ကနေအိမ်ကို ဒေါ်လာ ၆.၅ သန်း နဲ့ ရောင်းမည်

Brad Pitt နဲ့ Angelina Jolie တို့ရဲ့ New Orlean ကနေအိမ်ကို ဒေါ်လာ ၆.၅ သန်း နဲ့ ရောင်းမည်

| No comment


ဟောလီးဝုဒ်ကြယ်ပွင့် ၂ ယောက်ဖြစ်တဲ့ Brad Pitt နဲ့ Angelina Jolie တို့ စုံတွဲဟာ New Orleans မြို့ မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်ကို ဒေါ်လာ ၆.၅သန်း နဲ့ ရောင်းဖို့အတွက် ဈေးခေါ်လိုက်တယ် လို့ သိရပါတယ်။

၂၀၀၅ ခုနှစ် ကတိုက်ခတ်ခဲ့တဲ့ Katrina ဆိုတဲ့ ဟာရီကိန်း မုန်တိုင်း ကြောင့် New Orleans မှာ လိုအပ်နေတဲ့ ပြန်လည် ထူထောင်ရေးအတွက် Brad Pitt နဲ့ Angelina Jolie တို့ လင်မယားဟာ New Orleans သို့ ပြောင်းရွှေ့ လာပြီး ဒုက္ခ သည်တွေကို ကူညီခဲ့ပါတယ်။

မုန်တိုင်းဖြစ်ပေါ်ပြီး တစ်လ ခန့်အကြာမှာ ထိုနေအိမ်ကို ဒေါ်လာ ၃.၅ သန်း နဲ့ Brad Pitt တို့လင်မယားက ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

သူတို့လင်မယားဟာ ထိုနေအိမ်မှာ အချိန်ပေါင်း မြောက်များစွာ ကို အတူ ကုန်ဆုံးစေခဲ့ပါတယ်။ ဒေါ်လာ ၆.၅ သန်းနဲ့ ပြန်လည်ရောင်းချမယ့်အိမ်မှာ အိပ်ခန်း ၅ ခန်း နဲ့ ရေချိုးခန်း ၃ ခန်းပါဝင်တာ ဖြစ်ပြီး အိမ်အတွင်းပိုင်း ဗိသုကာ လက်ရာတွေကို Brad Pitt ကိုယ်တိုင် စိတ်ကူးပုံဖော်ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းကိုတော့ အိမ်ခြံမြေ ရောင်းဝယ်ရေး ကုမ္မဏီ က TMZ သတင်းဌာန ကို ပြောပြခဲ့တာဖြစ်ပြီး Brad Pitt နဲ့ Angelina Jolie တို့ လင်မယားရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Brad Pitt တို့လင်မယား New Orleans ကနေ ဘယ်လိုပြောင်းရွှေ့ဦးမယ်ဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်းမရှိ သေးပါဘူး။

Brad Pitt နဲ့ Angelina Jolie တို့ရဲ့ New Orlean က နေအိမ်

(Mario)

Ref : TMZ