Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Britney Spears နဲ့ Iggy Azalea တို့ တွဲဖက်သီဆိုထားတဲ့ “Pretty Girls” သီချင်း အသစ်ထွက်လာ

Britney Spears နဲ့ Iggy Azalea တို့ တွဲဖက်သီဆိုထားတဲ့ “Pretty Girls” သီချင်း အသစ်ထွက်လာ

| No comment


Britney Spears နဲ့ Iggy Azalea  တို့ရဲ့ သီချင်းအသစ် “Pretty Girls” ထွက်ရှိလာပါပြီ။ သီချင်းအသစ်ထဲမှာ ခံစားချက်တွေအများကြီး ရောနှောပါဝင်နေပါသတဲ့။

Spears က သူ့ရဲ့ Twitter ပေါ်မှာ တနင်္ဂနွေနေ့က “ တစ်ခြားကမ္ဘာကနေ ထူးခြားမှုတွေ ရောက်ရှိလာပါပြီ။ ညသန်းခေါင်ယံမှာ @britneyspears နဲ့ @IGGYAZALEA တို့ဆီမှာ အသစ်စက်စက်သီချင်းကို Share ပေးထားမှာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

 “ PrettyGirls “အတွက် အားပေးမှုတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီညတော့ ကျွန်မမျက်နှာပေါ်မှာ အပြုံးပန်းတွေဝေပြီး အိပ်ယာဝင်ပါတော့မယ်။ ပိုမိုအံ့သြစရာကောင်းတာတွေလည်း မကြာခင်မှာတွေ့ရတော့မှာပါ” လို့ ထည့်သွင်းရေးသားထားပါသေးတယ်။


သီချင်းစာသားထဲမှာတော့: ကမ္ဘာပေါ်မှာရှိတဲ့ မိန်းမလှလေးတွေအားလုံး ကောင်လေးတွေအားလုံးကိုပါ ကြမ်းတိုက်ပစ်ချပြီး ဆူညံသံတွေနဲ့အတူ သောက်စရာတွေလည်း သွန်ချပစ်ကြမယ်..ငါတို့အားလုံး အရမ်းကိုလှကြတယ်!” ဆိုပြီး ရေးသားသီဆိုထားပါတယ်။

Ref : Starpulse