Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Bruce Jenner ရဲ့ လိင် ပြောင်းလဲမှုကို Khloe Kardashian ထောက်ခံကြောင်းပြသ

Bruce Jenner ရဲ့ လိင် ပြောင်းလဲမှုကို Khloe Kardashian ထောက်ခံကြောင်းပြသ

| No comment



ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Khloe Kardashian ဟာ သူမရဲ့ ပထွေးတော်စပ်သူ Bruce Jenner ရဲ့ မိန်းမ ဘ၀ သို့ ပြောင်းလဲမှုကို ထောက်ခံတဲ့အနေနဲ့ "Keeping Up With The Kardashians: About Bruce" အစီအစဉ်မှာ Bruce Jenner အတွက် လက်ဆောင်များဝယ်ပေး ခဲ့တယ်လို့ သိရပါတယ်။

"Keeping Up With The Kardashians: About Bruce" အစီအစဉ်မှာ အပိုင်း ၂ပိုင်းခွဲပြီး တင်ဆက်ခဲ့သလို တစ်ပိုင်းထဲမှာ Khloe Kardashian ဟာ Malibu ကမ်းခြေက Bruce Jenner ရဲ့ နေအိမ်ကို လက်ဆောင် အများကြီးနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

"ကျွန်မ လိင်ပြောင်းမယ့်အရသာ ကို မသိသေးပါဘူး။ ဒါကြောင့် ကျွန်မ သိအောင် ဖော်ထုတ်ဖို့ကြိုးစားနေတာပါ" လို့ Khloe Kardashian က Bruce Jenner ကို ဆိုပါတယ်။

"ငါလည်း လိင်ပြောင်းတဲ့ အရသာ ကို မသိပါဘူး။ ဒါပေမယ့် ဒီလို လက်ဆောင်ပေးတာဟာ ဘယ်လောက်ကောင်းလဲ နင်သိမှာပါ။ဒီလက်ဆောင်တွေကို ဖွင့်မကြည့်သေးပဲနဲ့ ငါ ဒါကို ဘယ်လောက် အသိအမှတ်ပြုလဲ ၊ ဒါဟာဘယ်လောက်နှစ်သက်စရာကောင်းလဲဆိုတာ နင် သိမှာပါ" လို့ Bruce Jenner က Khloe Kardashians ကို ပြန်လည် ပြောခဲ့ပါတယ်။

အဲဒါနဲ့ ပဲ Khloe Kardashian က Bruce Jenner ကို ဒီလက်ဆောင်တွေဟာ သူနဲ့ ထိုက်တန်တယ်လို့ ဆိုလိုက်ပါတော့တယ်။

အရင်ထွက်ရှိထားတဲ့ သတင်းတွေအရတော့ Bruce Jenner ရဲ့ လိင်ပြောင်းမယ့် အစီအစဉ်ကို Kardashians နဲ့ Jenners မိသားစုဝင်တွေကို ပြောပြခဲ့စဉ်တုန်းက Khloe Kardashian က လက်ခံဖို့အခက်ခဲဆုံးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ 

Ref : Starpulse