Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူမရဲ့ အိမ်ထောင်ကွာရှင်းခဲ့ခြင်းက သမီးကြီး ကို ထိခိုက်မှုရှိစေခဲ့တယ်လို့ Demi Moore ဆို

သူမရဲ့ အိမ်ထောင်ကွာရှင်းခဲ့ခြင်းက သမီးကြီး ကို ထိခိုက်မှုရှိစေခဲ့တယ်လို့ Demi Moore ဆို

| No comment



ဟောလီးဝုဒ် မင်းသမီးကြီး Demi Moore ဟာ Dancing With The Stars အစီအစဉ်မှာပါဝင်နေတဲ့ သမီးကြီး Rumer Willis ကို တတ်နိုင်သလောက်ပံ့ပိုးပေးနေတုန်းပါ။

တနင်္လာနေ့ည တုန်းကတော့ Demi Moore က သူမနဲ့ ခင်ပွန်းဖြစ်သူ Bruce Willis နဲ့ကွာရှင်း လိုက်ခြင်းဟာ သူမရဲ့ အကြီးဆုံးသမီး Rumer Willis ကို ထိခိုက်စေခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

"သူတို့အဖေနဲ့ ကျွန်မနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ Rumer အပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်" လို့ Demi Moore ကဆိုပါတယ်။

Demi Moore နဲ့ Bruce Willis တို့ဟာ ၁၉၉၈ မှာ ကွဲခဲ့ကြပြီး ၂၀၀၀ ခုနှစ်မှာ တရားဝင် ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ၂ ယောက် ကွာရှင်းလိုက်တဲ့ အချိန်မှာ Rumer ဟာ အသက် ၁၀ နှစ် သာ ရှိသေးပြီး အခြား သမီး ၂ ယောက်ဖြစ်တဲ့ Scout နဲ့ Tallulah တို့ကတော့ ၇ နှစ် နဲ့ ၄ နှစ်သာရှိသေးတယ်လို့ သိရပါတယ်။

သူတို့ကွာရှင်းပြီး သိပ်မကြာခင်မှာပဲ ဆယ်ကျော်သက်ဘ၀ ကို ဖြတ်သန်းနေရတဲ့ Rumer ကို မီဒီယာတွေက စောင့်ကြည့်ဝေဖန်ခဲ့ကြပါသေးတယ်။

အဲဒီနောက်မှာမှ Rumer Willis ဟာ Dancing With The Stars အစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး Demi Moore ကလည်း သူမရဲ့ သမီးကို စောင့်ကြည့်ခံနေရတဲ့ ကြောက်ရွံ့ခြင်း မှ ကင်းဝေးစေဖို့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Bruce Willis နဲ့ Demi Moore တို့ရဲ့ သမီးကြီး Rumer Willis


Ref : Starpulse