Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ELLE မဂ္ဂဇင်းရဲ့ ကာဗာ မှာ မိခင်နို့ရည် တိုက်ကျွေးနေတဲ့ပုံနဲ့ ဓါတ်ပုံ အရိုက်ခံခဲ့တဲ့ Nicole Trunfio

ELLE မဂ္ဂဇင်းရဲ့ ကာဗာ မှာ မိခင်နို့ရည် တိုက်ကျွေးနေတဲ့ပုံနဲ့ ဓါတ်ပုံ အရိုက်ခံခဲ့တဲ့ Nicole Trunfio

| No comment



ဒီလ ထုတ် ELLE Australlia မဂ္ဂဇင်းရဲ့ ကာဗာ မှာတော့ မော်ဒယ် Nicole Trunfio ဟာ သူမရဲ့ သားလေး Zion ကို မိခင်နို့ရည် တိုက်ကျွေးနေတဲ့ပုံ ကို ဓါတ်ပုံ အရိုက်ခံခဲ့ပါတယ်။

အညိုရောင် Burberry ဂျာကင်နဲ့ အရောင်ဖျော့ဖျော့ စကတ် တို့ကို ၀တ်ဆင်ထားတဲ့ အသက် ၂၉ နှစ်အရွယ် မော်ဒယ်ဟာ သူမရဲ့ ၄လအရွယ် တစ်ဦးတည်းသောသားလေး ကို နို့ချိုတိုက်ကျွေးနေတဲ့ ပုံမှာတော့ မိခင်ဆန်ဆန် လှပနေတာကိုတွေ့ရမှာပါ။

ထိုကာဗာ နဲ့ အတူ အဓိပ္ပာယ်ရှိလှတဲ့ စာသားတွေကိုလည်း Nicole က ရေးထားပါသေးတယ်။

" မိခင်ဘ၀ထက်လှပပြီးခွန်အားပြည့်ဝ တာ မရှိပါဘူး။ ကျွန်မလုပ်ချင်တဲ့ နောက်ဆုံးအရာကတော့ လက်သင့်မခံ ချင်တာပါပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒါကို ဒီအတိုင်းပဲ လက်ခံပေးပါ။ ကျွန်မတို့ကို နို့ချိုတိုက်ကျွေးတာကို သာမန်ပဲ သဘောထားပေးပါ။ မိခင်တစ်ယောက် က ဆာလောင်နေတဲ့ သူမရဲ့ ကလေးငယ်ကို လူထုကြားထဲမှာ နို့ချိုတိုက်ကျွေးနေတာကို ဝေဖန်တာလေက်ဆိုးရွားတာမရှိပါဘူး" လို့ သူမက ရေးသားခဲ့ပါတယ်။
" ဒီ ကာဗာ အတွက် ကျွန်မ ဂုဏ်ယူပါတယ်။ ကျွန်မ နို့တိုက်နေတဲ့ အချိန်တုန်းက အဲဒီလိုပုံစံနဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ အမျိုးသမီး အားလုံးအတွက် ဖြစ်ပါတယ်။ သင်နို့တိုက်တိုက် မတိုက်တိုကပ်ပါ ၊ ကျွန်မတို့ဟာရင်သွေးတွေမွေးဖွားတယ် ၊ ကျွန်မတို့ဟာ အမျိုးသမီးတွေ ဖြစ်တယ် ၊ ကျွန်မတို့ဟာ မိခင်တွေ ဖြစ်ကြတယ်။ ELLE ကိုလည်း ကျေးဇူးတင်ပါတယ်" လို့ Nicole က ELLE မဂ္ဂဇင်းမှာ ကာဗာ ရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ပြောပြပါတယ်။

ထို ကာဗာဟာ စာအုပ်ထုတ်ဝေဖြန့်ဖြူးဖို့အတွက်တော့ မဟုတ်ပါဘူး။ ရောင်းချမယ့် စာအုပ်တွေအတွက်တော့ Nicole Trunfio က အနက်ရောင် ၀တ်စုံနဲ့ သူမရဲ့ ကလေးကိုချီပြီး ဓါတ်ပုံ အရိုက်ခံခဲ့ပါသေးတယ်။ မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ Justine Cullen ကတော့ ဒါဟာ မိခင်ဘ၀ နဲ့ စတိုင်အတွက် ဂုဏ်ပြုမှု ဖြစ်ပြီး Special subscriber's edition အတွက်သာ မိခင်နို့ချိုတိုက်ကျွေးနေတဲ့ ပုံ ကို ကာဗာ ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Nicole Trunfio ရဲ့ အရှေ့မှာတော့ Angelina Jolie နဲ့ Jerry Hall တို့က မိခင်နို့တိုက်နေတဲ့ ဓါတ်ပုံတွေနဲ့ မဂ္ဂဇင်းကာဗာ တွေ ရိုက်ခဲ့ဖူးပါတယ်။

( Mario )

Ref : Mirror