Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Fast & Furious 8 ကို နယူးယော့ခ်မြို့မှာ ရိုက်ကူးမည်

Fast & Furious 8 ကို နယူးယော့ခ်မြို့မှာ ရိုက်ကူးမည်

| No comment



Fast & Furious ပြိုင်ကားဇာတ်လမ်းတွဲတွေရဲ့ နံပါတ် ၈ ခု မြောက်ဇာတ်လမ်းဖြစ်တဲ့ "Fast & Furious 8" ဇာတ်လမ်းကို နယူးယော့ခ် မြို့မှာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ထိုဇာတ်လမ်းရဲ့ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Vin Diesel က ဆိုပါတယ်။

အင်္ဂါနေ့က Vin Diesel ရဲ့ Instagram မှာ ဓါတ်ပုံတစ်ပုံ တင်ထားခဲ့ပြီး အဲဒီ ဓါတ်ပုံကတော့ နယူးယော့်ခ် မြို့ရဲ့ ရှုခင်းတွေကို နောက်ခံ ထား ထားတဲ့ Fast & Furious 8 ရဲ့ Logo ပဲ ဖြစ်ပါတယ်။ ထို ဓါတ်ပုံရဲ့ ခေါင်းစဉ်ကို သူက #Toretto လို့ အမည်ပေးထားပါတယ်။ အဲဒီ နာမည်ကတော့ Fast & Furious ဇာတ်လမ်းထဲက Vin Diesel ရဲ့ ဇာတ်ကောင်ပဲဖြစ်ပါတယ်။

အခုမှ စတင်ရိုက်ကူးမယ့် Fast & Furious 8 ဇာတ်လမ်းကို ၂၀၁၇ ခုနှစ် ဧပြီလမှာ စတင် ရုံတင်ပြသ မှာ ဖြစ်ပါတယ်။ ဒီလ အစော ပိုင်းမှာ ကတည်းက ထို ရုပ်ရှင်ရဲ့ အကြောင်းတွေကို Vin Diesel က အရိပ်အမြွက် ပြောကြားထားပါသေးတယ်။

"ခင်ဗျားသိတဲ့အတိုင်းပဲ ကျွန်တော်က ဒီရုပ်ရှင်တွေ ရဲ့ ရိုက်ကွက်တွေ အများကြီးကို ချက်ချင်း လုပ်ချင်နေပါတယ်။ Kurt Russell က Fast & Furious 7 အတွက်လာခဲ့တာပါ. ကျွန်တော်တို့သူ့ကို တစ်ကယ်ငှားမှာပါ။ ဘာလို့လဲဆိုတော့ အခု ဇာတ်လမ်းက နယူးယော့ခ် မှာ နေရာယူထားလို့ပါ" လို့ Vin Diesel က Jimmy Kimmel ကို ပြောပြခဲ့ဖူးပါတယ်။

ဒါဟာ လူတိုင်းမသိတဲ့ ကောင်းမွန်တဲ့ အရာတွေ ဖြစ်တယ်လို့လည်း Vin Diesel က ဆိုထားပါသေးတယ်။

ဟောလီးဝုဒ် မင်းသား Paul Walker နောက်ဆုံး ပါဝင် သရုပ်ဆောင်ထားတဲ့ Furious 7 ဇာတ်လမ်းဟာလည်း အဖွင့် ရက်သတ္တပတ် မှာတင် ဒေါ်လာ ၁၄၇ သန်း ရရှိခဲ့ပြီး တစ်ကမ္ဘာ လုံး ၀င်ငွေ ဒေါ်လာ ၁.၅ ဘီလီယံ ရရှိခဲ့ပါတယ်။

( Mario )

Ref : starpulse