Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , င်္Free The Nipples လှုပ်ရှားမှုအတွက် ရင်သားတွေ ထပ်မံဖော်ပြလိုက်တဲ့ Chelsea Handler

င်္Free The Nipples လှုပ်ရှားမှုအတွက် ရင်သားတွေ ထပ်မံဖော်ပြလိုက်တဲ့ Chelsea Handler

| No comment



Chelsea Handler ကတော့ လုပ်ချလိုက်ပြန်ပါပြီ။

ဟာသသရုပ်ဆောင်မကြီးဟာ သူမရဲ့ အကျီင်္ကို ၀တ်ထားဖို့ စိတ်ကူးမရှိတော့ပုံပေါ်ပါတယ်။ ဒီတစ်ကြိမ်လည်း သူမဟာ Bahamas ကမ်းခြေကို သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်နေစဉ် သူမရဲ့ ရင်သားတွေကို ဖော်ပြပြီး ဓါတ်ပုံ ရိုက်ခဲ့ပြန်ပါတယ်။

သူမရဲ့ သူငယ်ချင်းတွေကတော့ လက်ထဲမှာ သောက်စရာ ကိုယ်စီကိုင်ပြီး ဓါတ်ပုံ အရိုက်ခံနေစဉ်မှာ သူမကတော့ သူမရဲ့ Bikini အကျီင်္ကို မြှောက်တင်ပြီး ရင်သားတွေကို ဖော်ပြနေခဲ့ပါတယ်။

"ကျွန်မတို့ မနက်ဖြန် Bahamas ကမ်းခြေက Atlantis မှာ ဖျော်ဖြေမှာပါ။ လက်မှတ်တွေလည်း Tinder မှာ ၀ယ်လို့ရ ပါတယ်" လို့ သူမက ထိုဓါတ်ပုံနဲ့ အတူ Instagram မှာ ရေးသားခဲ့ပါတယ်။

အသက် ၄၀ နှစ် ရှိနေပြီဖြစ်တဲ့ ဟာသသရုပ်ဆောင်မင်းသမီးကြီးဟာ သူမ တစ်ယောက်တည်း ရေထဲမှာ ပက်လက်ရေကူးနေတဲ့ ဓါတ်ပုံတစ်ပုံကို လည်း Instagram မှာ တင်ထားခဲ့ပြီး သူမရဲ့ ရင်သားတွေကို သိသိသာသာ ကြီးထပ်မံ ဖော်ပြလိုက်ပြန်ပါတယ်။

အဲဒီဓါတ်ပုံနဲ့ အတူ " ကယ်ကြပါ။ ကျွန်မတို့ထဲမှာ တစ်ယောက်ပဲ ရေကူးတတ်တာပါ " လို့ သူမက ရေးသားထားပါသေးတယ်။

Chelsea Handler ဟာ သူမရဲ့ ရင်သားတွေကို ဖော်ပြနေတာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ သူမဟာ "Free The Nipples" ဆိုတဲ့ ယောကျာင်္း ၊ မိန်းမ တန်းတူ ညီမျှရေးအတွက် ရင်သားတွေ ဖော်ပြတဲ့ လှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ အရင်တစ်ကြိမ်တုန်းကလည်း Instagram မှာ သူမ ရင်သားတွေဖော်ပြထားတဲ့ ဓါတ်ပုံတင်စဉ်အခါက သူမရဲ့ ရင်သားတွေကို ခွဲစိတ်ပြုပြင်ထားပါတယ် လို့ ၀ိုင်းပြီး ဝေဖန်ခဲ့ကြတဲ့ အတွက် သူမဟာ ငြင်းဆိုပြီး သက်သေပြခဲ့ရပါသေးတယ်။



( Mario )

Ref : Starpulse