Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Hollywood Walk of Fame မှာ ကြယ်ပွင့် နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ Sofia Vergara

Hollywood Walk of Fame မှာ ကြယ်ပွင့် နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ Sofia Vergara

| No comment

ဟောလီးဝုဒ်ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Sofia Vergara ဟာ Hollywood Walk of Fame မှာ ကြယ်ပွင့် တစ်ပွင့်နဲ့ ဂုဏ်ပြုခံခဲ့ရပြီး တစ်သက်စာ နာမည် ကျန်ရစ်နေခွင့် ရရှိခဲ့ပါတယ်။

ဂုဏ်ပြု ခံရစဉ်မှာ Sofia Vergara ဟာ မိသားစု ၀င်တွေနဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Modern-Family ရဲ့တွဲဖက် သရုပ်ဆောင်တွေဖြစ်တဲ့ Eric Stonesheet ၊ Ed O'Neil ၊ Julie Bowen တို့က ၀န်းရံထားတာကို တွေ့ရပါတယ်။

အဲဒီလို ဂုဏ်ပြုခံရပြီးတဲ့နောက်မှာ Sofia Vergara ဟာ သူမရဲ့ အောင်မြင်မှုအတွက် ပါတီပွဲကြီး ပြုလုပ်ကာ အောင်ပွဲခံခဲ့ပြီး သူမ ရဲ့ ခင်ပွန်းလောင်း Joe Manganiello နဲ့ အတူ တွဲဖက် ပြီး က ခဲ့တယ်လို့ လည်း သိရပါတယ်။

"ဒီနေ့ ကျွန်မ ဒီမှာ အားလုံးနဲ့အတူ ရပ်တည်နိုင်နေတာဟာ မယုံနိုင်စရာပါပဲ။ ကျွန်မ ဘာပြောရမှန်းမသိပါဘူး။ ဒါပေမယ့် အားလုံကိုကျေးဇူးတင်ပါတယ်။ အရင်ဆုံးကျေးဇူးတင်ချင်တာကတော့ Modern Family ကိုပါပဲ။ သူတို့သာ Gloria Pritchett ကို မဖန်တီးခဲ့ရင် ကျွန်မ ဒီနေရာမှာ ရောက်နေမှာ မဟုတ်ပါဘူး" လို့ သူမကဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တီဗွီ ဇာတ်လမ်းတွဲ မင်းသမီး Sofia Vergara ဟာ Bravo သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အစီအစဉ်တင်ဆက်သူ Andy Cohen ကို သူမရဲ့ အနာဂါတ်မှာ ရင်သား ကို ပလတ်စတစ် ဆာဂျရီ ပြုလုပ်မယ့် အစီအစဉ်တွေ ပြောပြခဲ့ပါသေးတယ်။

Hollywood Walk of Fame မှာ ကြယ်ပွင့် နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ Sofia Vergara

Ref : Starpulse