Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Janet Jackson တစ်ယောက် အခွေသစ်နဲ့ နယ်လှည့်ဖျော်ဖြေရေး အစီအစဉ်တွေ ကြေညာ

Janet Jackson တစ်ယောက် အခွေသစ်နဲ့ နယ်လှည့်ဖျော်ဖြေရေး အစီအစဉ်တွေ ကြေညာ

| No comment


Pop ဘုရင်ကြီး Michael Jackson ရဲ့ ညီမ ဖြစ်သူ Janet Jackson ဟာ သူမရဲ့ Twitter အကောင့်မှာ သူမရဲ့ ဂီတ သံစဉ်အသစ်တွေထွက်လာတော့မယ့် အကြောင်းနဲ့ ၂၀၁၅ ခုနှစ်အတွင်း နယ်လှည့်ဖျော်ဖြေရေး တစ်ခု ပြုလုပ်သွားမှာ ဖြစ်တဲ့ အကြောင်းတွေကို ရေးသားခဲ့ပါတယ်။

အဆိုတော် တစ်ယောက်ဖြစ်တဲ့ Janet Jackson ရဲ့ နောက်ဆုံး တရားဝင်ထုတ်ခဲ့တဲ့ တေးအယ်လ်ဘမ်ဟာ Discipline ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခွေဟာလည်း "Number Ones" လို့အမည်ပေးခဲ့တဲ့ retro ဆန်တဲ့ အခွေထွက်ပြီး တစ်နှစ်ခန့်အကြာမှာ ထွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၄၉ နှစ် ရှိနေပြီဖြစ်တဲ့ Janet Jackson က Twitter မှာ ဗီဒီယိုတစ်ခုကိုပါ တင်ထားခဲ့ပြီး "ကျွန်မနှုတ်ခမ်းတွေက ထွက်လာတဲ့အသံကို အားလုံးကြားရစေမယ်လို့ ကျွန်မ ကတိပေးတယ်။ ဒီနှစ် ၊ ဂီတ အသစ် ၊ နယ်လှည့်ဖျော်ဖြေရေး အသစ် ၊ လှုပ်ရှားမှု အသစ် တွေလာတော့မှာပါ။ " လို့ သူမကထည့်သွင်းရေးသားခဲ့ပါတယ်။

ထို သတင်းကို ကြေညာချိန်ဟာ Janet Jackson ရဲ့ မွေးနေ့လည်း ဖြစ်ပြီး #ConversationsInACafe လို့လည်း ထည့်သွင်းရေးသားခဲ့တဲ့အတွက် ထို Hashtag ဟာ သူမရဲ့ အခွေသစ် နာမည်လည်းဖြစ်နိုင်တယ်လို့ စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

Janet Jackson ဟာ သူမရဲ့ အစ်ကိုဖြစ်သူ Michael Jackson သေဆုံးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက လူထု နဲ့ အဆက်အသွယ် ဖြတ်ထားတာပဲဖြစ်ပါတယ်။ သူမဟာ ၁၉၈၄ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ James DeBarge နဲ့ လက်ထပ်ခဲ့ပြီး ၁၉၉၁ ကနေ ၂၀၀၀ ခုနှစ်အထိ Rene Elizondo Jr. နဲ့လက်ထပ်ခဲ့ကာ ၂၀၁၂ ခုနှစ်မှာတော့ Wissam Al Mana နဲ့လက်ထပ်ခဲ့ပြီး အခုချိန်ထိ ပေါင်းသင်းနေဆဲ ပဲဖြစ်ပါတယ်။


(Mario)

Ref : Starpulse