Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ရည်းစားဟောင်းနဲ့ ပြန်လည်တွဲခုတ်နေတဲ့ Jim Carrey

ရည်းစားဟောင်းနဲ့ ပြန်လည်တွဲခုတ်နေတဲ့ Jim Carrey

| No comment



တစ်ကယ်လို့များ ဟာသ သရုပ်ဆောင်မင်းသား Jim Carrey နဲ့ သူ့ရဲ့ ရည်းဟားဟောင်း တို့ ပြန်လည်တွဲခုတ်နေကြတယ်ဆိုရင် ပရိတ်သတ်တွေက ၀မ်းသာသွားကြမှာပါ။

အသက် ၅၃ နှစ်ရှိနေပြီဖြစ်တဲ့ Jim Carrey နဲ့ အသက် ၂၈ နှစ်အရွယ် မိတ်ကပ်ပညာရှင် Cathriona White  တို့ဟာ ၂၀၁၃ ခုနှစ်မှာ စတင်တွဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ၂၀၁၂ ခုနှစ်က ရိုက်ကွင်းတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတာပါ။

White ဟာ အိုင်ယာလန်ကနေ ၂၀၀၉ ခုနှစ်မှာ လော့အိန်ဂျလိစ် သို့ ပြောင်းရွှေ့လာခဲ့ပြီး သရုပ်ဆောင်တွေအတွက်မိတ်ကပ် ပညာရှင် မလုပ်ခင်မှာ အလှအပဆိုင်ရာ ရောဂါဗေဒ ပညာရှင်တစ်ယောက် အဖြစ်လုပ်ကိုင်ခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ်မှာတော့ "Cathriona ဟာ ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်တော်ဟာ အမြဲတမ်း ထက်မြက်တဲ့ လူတွေရဲ့ ဆွဲဆောင်ခြင်း ကိုခံရတယ်။ တစ်ကယ်လို့ တစ်စုံတစ်ယောက်က လှပပြီး ထက်မြက်နေတယ်ဆိုရင်တော့ ဒါဟာ ရုန်းထွက်ဖို့ ခက်ပါတယ်။" လို့ Jim Carrey က ဆိုခဲ့ဖူးပါတယ်။

ကြာသပတေးနေ့ကတော့ နယူးယော့ခ်မြို့မှာ Jim Carrey နဲ့ White တို့ဟာ တစ်ယောက်လက်ကိုတစ်ယောက်တွဲထားတဲ့ ဓါတ်ပုံတွေကြောင့် ပြန်လည်တွဲခုတ်နေတယ်လို့ သတ်မှတ်လိုက်ရတာပဲဖြစ်ပါတယ်။

အရင်တုန်းက Jenny McCarthy နဲ့ ၂ကြိမ်တိုင် ကွာရှင်းခဲ့တဲ့ Jim Carrey ဟာ လောလောဆယ်မှာတော့ "Dumb and Dumber To" ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

( Mario )

Ref : Starpulse