Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အိမ်ထောင်ရေးအဆင်ပြေစေဖို့ ရိုက်ကွင်းကနေ အမေရိက ကိုပြန်လာတယ်ဆိုတဲ့ သတင်းကို Johnny Depp ငြင်း

အိမ်ထောင်ရေးအဆင်ပြေစေဖို့ ရိုက်ကွင်းကနေ အမေရိက ကိုပြန်လာတယ်ဆိုတဲ့ သတင်းကို Johnny Depp ငြင်း

| No comment



ဟောလီးဝုဒ် မင်းသား Johnny Depp ဟာ သြစတြေးလျ မှာရှိတဲ့ Pirates Of The Caribbean ဇာတ်လမ်း ရိုက်ကွင်းကနေ အမေရိက ကို Amber Heard နဲ့ အိမ်ထောင်ရေး အဆင်ပြေစေရန် ပြန်လာခဲ့တယ်ဆိုတဲ့ သတင်းကို Johnny Depp ကိုယ်တိုင်က ငြင်းဆိုလိုက်ပါတယ်။

အသက် ၅၁ နှစ်အရွယ် မင်းသား Johnny Depp ရဲ့ လူထုဆက်ဆံရေး ကိုယ်စားလှယ်က Brisbane Times သတင်းဌာန ကို ပြောကြားခဲ့တာကတော့ ထို သတင်းဟာ မမှန်ကန်ကြောင်းနဲ့ သူ အမေရိက ကိုပြန်ဖို့ စီစဉ်ခဲ့တာဟာ သူ့ရဲ့ သမီးလေး Lily James ရဲ့ နောက်တစ်ပတ်မှာ ကျရောက်မယ့် ၁၆ နှစ်ပြည့်မွေးနေ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Johnny Depp ရဲ့ လူထုဆက်ဆံရေး ကိုယ်စားလှယ် Michael Singer က "ကျွန်တော့်အနေနဲ့ ဒီရိုက်ကူးရေးရဲ့ အစီအစဉ်အသေးစိတ်ကို ထုတ်ဖော်ပြောပြလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက ဒီသတင်းဟာ ဖြစ်ရပ်မှန် နဲ့ ဆက်စပ်မှု မရှိပါဘူး။ မစ္စတာ Depp ဟာ အစီအစဉ်အတိုင်း ရုပ်ရှင်ရိုက်ကူးနေတာပါ။ အခြား ပါဝင်သူတွေလိုပါပဲ " လို့ ဆိုပါတယ်။

ဒီသတင်းတွေကိုတော့ Courier Mail ဆိုတဲ့ သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ဟောလီးဝုဒ် စတား Johnny Depp ဟာ ဗုဒ္ဓဟူးနေ့ညက ရိုက်ကူးရေးမစခင်မှာ ရိုက်ကွင်းကနေ လစ်ထွက်လာခဲ့တယ်လို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါမှ သူဟာ ဇနီးသည် Amber Heard နဲ့ အတူရှိနေနိုင်မှာ ဖြစ်တယ်လို့လည်း ထည့်သွင်းရေးသားခဲ့ပါတယ်။

တစ်ကယ်တော့ သူတို့ လင်မယားဟာ သြစတြေးလျ မှာ ခက်ခဲတဲ့ အချိန်တွေကိုကြုံခဲ့ရပါတယ်။ သြစတြေးလျ အစိုးရဟာ သူတို့ ရဲ့ ခွေး ၂ ကောင်ကို တိုင်းပြည်ထဲဝင်ခွင့်မပေးတာကြောင့် ခွေး ၂ ကောင်ကို Amber Heard က အမေရိက သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ရပြီး သြစတြေးလျ အာဏာ ပိုင်တွေက ထို ခွေး ၂ ကောင်ကို မသတ်စေရန် အတွက် ဒေါ်လာ ၃၂၀,၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ လည်း သိရပါတယ်။

( Mario )

Ref : Mirro