Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စတုတ္ထမြောက် တေးအယ်လ်ဘမ် နာမည်ကို ပြောင်းဦးမယ့် Kanye West

စတုတ္ထမြောက် တေးအယ်လ်ဘမ် နာမည်ကို ပြောင်းဦးမယ့် Kanye West

| No comment



Kanye West က တနင်္ဂနွေနေ့က Twitter မှာ သူရဲ့နောက်ထပ် ထွက်ရှိလာမယ့် အယ်လ်ဘမ်အသစ်ကို နာမည်ပြောင်းနေတာ ပြီးခါနီးပြီလို့ ကြေညာထားပါတယ်။

သူရဲ့ခွေအသစ်ကို “So Help Me God” လို့ အမည်ပေးမှာဖြစ်ကြောင်းကို မတ်လက ကြေညာခဲ့ပြီး အခွေကာဗာပုံလို့ ယူဆရတဲ့ အနက်ရောက်စိန်ပွင့်ပေါ်မှာ “ M” ဆိုတဲ့စာလုံးပေါ်နေတဲ့ပုံကို Share ထားခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ သူက “SWISH” လို့ ပြောင်းပြီး နာမည်ပေးလိုက်ပြန်ပါပြီ။


ဒီခေါင်းစဉ်ကလည်း မသေချာသေးပြန်ပါဘူး။ ဘာလို့လဲဆိုတော့ Kanye က “ ကျွန်တော်ဒီတစ်ခါလည်း ထပ်ပြောင်းချင်ပြောင်းဦးမှာပါ ဒါပေမယ့် ခုတော့ ဒီနာမည်ပါပဲ။” လို့ဆိုပါတယ်။


 ဒီအယ်လ်ဘမ်ရဲ့ နာမည်နဲ့ပတ်သက်ပြီး ဘာသာရေးအရ Social Media တွေရဲ့ ဝေဖန်မှုတွေအများကြီး ခံခဲ့ရပါတယ်။

Rolling Stone ရဲ့အဆိုအရ အယ်လ်ဘမ်နာမည်မပြောင်းခင် ညက  Kanye နဲ့ ဇနီးဖြစ်သူ Kim Kardashian တို့နှစ်
ဦး နယူးယောက်မှာရှိတဲ့ Pier 59 Studio ကနေ ထွက်လာခဲ့တာကို တွေ့ခဲ့ကြပါသတဲ့။

မတ်လတုန်းကလည်း Kanye က ဇနီးဖြစ်သူရဲ့ ကိုယ်လုံးပေါ်ပုံတွေထဲက တစ်ပုံကို “SWISH!!!” လို့ နာမည်ပေးထားပြီး ဒီပုံဟာ အယ်လ်ဘမ်ရဲ့ ကာဗာဖြစ်လာနိုင်ပါတယ်။


Ref : Starpulse