Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ချစ်သူ သန်းကြွယ်သူဋ္ဌေး နဲ့ လောင်းကစားရုံမှာ အချိန်ဖြုန်းခဲ့တဲ့ Kate Gosselin

ချစ်သူ သန်းကြွယ်သူဋ္ဌေး နဲ့ လောင်းကစားရုံမှာ အချိန်ဖြုန်းခဲ့တဲ့ Kate Gosselin

| No comment



Kate Gosselin နဲ့ သူ့ရဲ့ချစ်သူအသစ် သန်းကြွယ်သူဋ္ဌေး တို့ဟာ မီဒီယာ တွေ သတိထားမိအောင်လုပ်လိုက်ပြန်ပါပြီ။

"Kate Plus 8" အစီအစဉ်ရဲ့ ကြယ်ပွင့် Kate Gosselin ဟာ စီးပွားရေးလုပ်ငန်းရှင် Jeff Prescott နဲ့ အတူတူ Philadelphia မှာ အတူချိန်းတွေ့ကာ ညစာ အတူစားခဲ့ကြပြီး လောင်းကစား အချို့ ကို လည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၅၀ အရွယ် Jeff Prescott နဲ့ အသက် ၄၀ အရွယ် Kate Gosselin တို့ဟာ Talula's Garden ဆိုတဲ့ စားသောက်ဆိုင်မှာ ညစာ အတူစားခဲ့ပြီးတဲ့နောက်မှာ လောင်းကစားရုံ တစ်ခုကို သွားရောက်ပြီး အပျော်တမ်း လောင်းကစားပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သန်းကြွယ်သူဋ္ဌေး Prescott ဟာ သူ့ရဲ့ စားပွဲခုံပေါ်မှာ ဒေါ်လာ ၁၀၀ တန် အထပ်လိုက်ကို တင်ထားခဲ့ပြီး အရက်ပုလင်းတွေလည်း မှာယူပြီး မနက် ၂ နာရီ အထိ သူတို့ စုံတွဲဟာ လောင်းကစားရုံမှာ အချိန်ဖြုန်းခဲ့ကြ တယ်လို့ သိရပါတယ်။

သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ မှာ စတင်တွဲခဲ့ကြတာဖြစ်ပြီး Prescott ကတော့ အိမ်ထောင်နဲ့ ကွာရှင်ထားတဲ့ ကလေး ၃ ယောက်ရဲ့ ဖခင်ဖြစ်သလို Gosselin ကလည်း သူမ ပါဝင်နေတဲ့ အစီအစဉ်အတိုင်း အသက် ၁၄ နှစ်အရွယ် ၂ မြွှာပူး နဲ့ အသက် ၉ နှစ်အရွယ် ၆ မြွှာပူးတို့ရဲ့ မိခင်ပဲဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ မနှစ်က Gosselin တစ်ယောက် Celeberity Apprentice ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ အပိုင်း ၇ ကိုရိုက်ကူးနေစဉ်မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါတယ်။



Ref : Starpulse