Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခင်ပွန်းဟောင်းအကြောင်း ပထမဆုံးအကြိမ်ထုတ်ဖော်ပြောပြခဲ့တဲ့ Katy Perry

ခင်ပွန်းဟောင်းအကြောင်း ပထမဆုံးအကြိမ်ထုတ်ဖော်ပြောပြခဲ့တဲ့ Katy Perry

| No comment



နောက်ဆုံးမှာတော့ ပေါ့ပ် အဆိုတော် မလေး Katy Perry ဟာ သူမနဲ့ ခင်ပွန်းဟောင်း ဗြိတိန် လူရွှင်တော် Russell Brand နဲ့ တစ်နှစ်ခန့်သာ ပေါင်းသင်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ကွာရှင်းခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး အကြိမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Dark Horse သီချင်းရဲ့ အဆိုတော်မလေး Katy Perry ထုတ်ဖော်ပြောကြားခဲ့တာကတော့ သူမရဲ့ ခင်ပွန်းဟောင်းနဲ့ နောက်ဆုံး အကြိမ် အဆက်အသွယ်ရခဲ့တာဟာ သူမနဲ့ ကွာရှင်းဖို့အတွက် ဖုန်း မက်ဆေ့ဂ်ျ ပေးပို့ခဲ့တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

" သူဟာ ကျွန်မကို ကွာရှင်းဖို့ အမှုဖွင့်ထားတဲ့အကြောင်း မက်ဆေ့ဂ်ျ ပို့ခဲ့ကတည်းက စကားမပြောတော့ပါဘူး။ ကျွန်မလည်း သူ့အကြောင်း မပြောချင်ပါဘူး။ ကျွန်မရဲ့ သီချင်းတွေက ကျွန်မပြောဖို့ လိုအပ်တာတွေကို ပြောပေးပါလိမ့်မယ် " လို့ Katy Perry က Sydney Daily Telegraph ဆိုတဲ့ သတင်းဌာန ကို စနေနေ့ က ပြောပြခဲ့ပါတယ်။

သူမဟာ သူမရဲ့ ကိုယ်ပိုင် ပေါ်ထွန်းလာမှု နဲ့ လူတွေရဲ့ စိတ်ဝင်စားခြင်း ကို ခံခဲ့ရတာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

ဒါ့အပြင် သူမက သူမရဲ့ ဘ၀ နဲ့ဆိုင်တဲ့ အခြား ကဏ္ဍတွေကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပဲ တိတ်တိတ် နေ မှာ ဖြစ်ပြီဒ ပရိတ်သတ် တွေအနေနဲ့ သူမနဲ့ ပတ်သက်ပြီး သိလိုတာကို သူမရဲ့ သီချင်းထဲမှာ အဖြေရှာနိုင်လိမ့်မယ် လို့လည်း Katy Perry က ဆိုပါတယ်။

" ကျွန်မက ကျွန်မကိုလွှမ်းမိုးခဲ့တဲ့ အရာ အားလုံး ၊ ကျွန်မ သင်ကြားခဲ့ရတဲ့ သင်ခန်းစာ အားလုံး ၊ ကျွန်မနဲ့ ဆိုင်တဲ့ အရာ အားလုံးကို သီချင်းတွေထဲ ထည့်ဆိုရတာ ကျွန်မနှစ်သက်ပါတယ်" လို့ Katy Perry က ပြောပြပါတယ်။

( Mario )

Ref : Starpulse