Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Keira Knightley တစ်ယောက် ကလေးအမေ ဖြစ်ပြီ

Keira Knightley တစ်ယောက် ကလေးအမေ ဖြစ်ပြီ

| No comment



ဟောလီးဝုဒ် မင်းသမီးချော Keira Knightley ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ James Righton ရဲ့ ပထမဆုံး ရင်သွေးလေးကို မွေးဖွားခဲ့ပြီလို့ သိရပါတယ်။

ကမ္ဘာကျော် ပင်လယ်ဓါးပြဇာတ်လမ်းတစ်ခု ဖြစ်တဲ့ Pirates of the Caribbean ရဲ့ ကြယ်ပွင့် ဗြိတိန်သူ မင်းသမီးလေး Keira Knightley ဟာ သူမ ကိုယ်ဝန်ဆောင်နေစဉ် အချိန်က The Ellen DeGeneres ရှိုးမှာ သူမရဲ့ မီးဖွားမယ့် အစီအစဉ် နဲ့ပတ်သက်ပြီး ဟာသ လုပ်ပြောဆိုခဲ့ဖူးပါတယ်။

" ကလေးကိုမမွေးပဲ အထဲမှာဆက်ထားဖို့တော့ ရွေးချယ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်ကျွန်မရဲ့ အစီအစဉ်ကတော့ မွေးဖို့ပါပဲ။ အခြား အစီအစဉ်ရှိလားဆိုရင်တော့ ကျွန်မမသိပါဘူး။ အခုထိတော့ ကျွန်မရဲ့ Plan က မွေးဖို့ပါပဲ။ ကလေး လေး မွေးလာပါလိမ့်မယ်" လို့ သူမ က ဟာသ လုပ် ပြောဆိုခဲ့ဖူးပါတယ်။

မနေ့ကပဲ မွေးဖွားခဲ့တဲ့ ထို ကလေးဟာ ယောကျာင်္းလေးဟာ မိန်းကလေးလား ဆိုတာကိုတော့ မိဘ ၂ ပါးကလွဲပြီး မသိရသေးပါဘူး။

ဒါပေမယ့် သူမဟာ သူမရဲ့ သားဦး (သို့) သမီးဦးလေးအတွက် Cheers လုပ်တဲ့အနေနဲ့ တစ်ခွက်တစ်ဖလားတော့ သောက်ဖို့ အစီအစဉ်ရှိနေပါတယ်။ သူမဟာ ကိုယ်ဝန်ဆောင်နေစဉ်ကတည်းက အရက်သောက်ချင်နေတယ်ဆိုတာကို ၀န်ခံပြီးသားပါ။

"ကျွန်မ ဘယ်တော့မှ သောက်လို့ရမှာလဲ?ကျွန်မ margarita တစ်ခွက်လောက် သောက်ချင်ပါတယ် " လို့ Ellen ရှိုးမှာ သူမက နောက်ပြောင်ခဲ့ဖူးပါတယ်။

လတ်တလောမှာ The Imitation Game ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Keira Knightley နဲ့ သူမရဲ့ခင်ပွန်း ရော့ခ်ကာကြီး James Righton တို့ဟာ ၂၀၁၃ ခုနှစ် မေလမှာ လက်ထပ်ခဲ့ကြတာဖြစ်တဲ့အတွက် သူမတို့ရဲ့ ပထမဆုံးရင်သွေးလေးဟာ သူတို့လင်မယားရဲ့ ၂ နှစ်ပြည့် Anniversary နဲ့ ကပ်လျက်ပင်ဖြစ်နေပါတော့တယ်။

( Mario )

Ref : Mirror