Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kendall Jenner တစ်ယောက် တစ်ကယ်ပဲ ရင်သားတွေ ခွဲစိတ်ပြုပြင်ခဲ့တာလား?

Kendall Jenner တစ်ယောက် တစ်ကယ်ပဲ ရင်သားတွေ ခွဲစိတ်ပြုပြင်ခဲ့တာလား?

| No comment


ဟောလီးဝုဒ် ခွဲစိတ်ပြုပြင်ရေး ပါရဂူ တစ်ယောက်က Kendall Jenner ရဲ့ Met Gala ဖက်ရှင်ပွဲတော်ကို တက်ရောက် စဉ်က အနေအထားကို ကြည့်ပြီး သူမဟာ မကြာသေးမီကပဲ ရင်သားလှ အောင် ခွဲစိတ်ပြုပြင် ထားတယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။

သူမဟာ Met Gala ပွဲတော်ကို တက်ရောက်စဉ် က Calvin Klein ကချုပ်လုပ်ပေးထားတဲ့ အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ထိုဝတ်စုံရဲ့ ဘေး ၂ ဖက်မှာ နေရာလွတ်ဖြစ်နေပြီး သူမရဲ့ ရင်သားအလှတွေကို ဖော်ပြထားတဲ့အတွက် ထို ပါရဂူ က အခိုင်အမာဆိုလိုက်နိုင်တာပဲဖြစ်ပါတယ်။

"အရင်နဲ့မတူပဲ အလွန်ဝိုင်းစက်လာတဲ့ရင်သားတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ ရင်သား ပြုပြင်ထားတယ်ဆိုတာ ကို အခိုင်အမာပြောနိုင်ပါတယ်။ ဒါဟာ Saline ရော Silicon ရော ၂ ခု လုံးဖြစ်နိုင်ပါတယ်" လို့ ဟောလီးဝုဒ် ခွဲစိတ်ပြုပြင်ရေး ပါရဂူ Dr Neal Handel က ဆိုပါတယ်။

Kendall Jenner ရဲ့ ရင်သားတွေဟာ ဘရာစီယာ ၀တ်ဆင်ထားခြင်းမရှိပဲ အဲဒီလောက်ဝိုင်းစက် နူးညံ့ နေစရာ မရှိကြောင်း နဲ့ ဒါဟာ ရင်သားခွဲစိတ်ပြုပြင်ထားတယ်ဆိုတာ သေချာကြောင်းကို အခြား ခွဲစိတ်ပြုပြင်ရေး ပညာရှင်တစ်ယောက် ဖြစ်တဲ့ Dr Anthony Youn ကလည်း ဆိုထားပါသေးတယ်။

အသက် ၁၉ နှစ်အရွယ် Kendall Jenner ရဲ့ ရင်သားခွဲစိတ် ပြုပြင်တဲ့ သတင်းဟာ ညီမဖြစ်သူ အသက် ၁၇ နှစ် အရွယ်  Kylie Jenner ရဲ့ နှုတ်ခမ်းခွဲစိတ် ပြုပြင် တဲ့ သတင်းနဲ့ နီးကပ်စွာထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Met Gala ပွဲတော်သို့ တက်ရောက်လာတဲ့ Kendall Jenner ရဲ့ ဖက်ရှင်


(Mario)

Ref : Mirror