Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လူတွေကို သူမ ပြချင်တာ ပြမယ်လို့ ဆိုလိုက်တဲ့ Kylie Jenner

လူတွေကို သူမ ပြချင်တာ ပြမယ်လို့ ဆိုလိုက်တဲ့ Kylie Jenner

| No comment



အသက် ၁၇ နှစ်သာ ရှိသေးတဲ့ မော်ဒယ်လ် လေး Kylie Jenner သူမရဲ့ Instagram က Sexy ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် လူတွေကို သူမ ပြချင်တာ ပြမယ်လို့ ပြန်လည်ခြေပ ပြောဆိုလိုက်ပါတယ်။

Last King အ၀တ်အစား ကုမ္မဏီ ပိုင်ရှင် ရပ်ပါ Tyga နဲ့ တွဲနေတဲ့ Kyie Jenner တစ်ယောက်  Instagram မှာ တင်ထားခဲ့တဲ့ဓါတ်ပုံတွေထဲမှာတော့ သူမဟာ သူမရဲ့ ခန္ဓာကိုယ်အလှကို မဖုံးကွယ်နိုင်တဲ့ ဘောင်းလီ အတို နဲ့ သားမွေး ခြုံထည်ဝတ်စုံ တစ်ခုတို့ကို ၀တ်ဆင်ထားပါတယ်။

Keeping Up With the Kardashians ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကြယ်ပွင့် Kendall Jenner ဟာ သူမရဲ့ အစ်မတွေဖြစ်တဲ့ Kim Kardashian ၊ Kourtney Kardashian ၊ Khloe Kardashian နဲ့ Kendall Jenner တို့လိုပါပဲ။ ရေကူးကန်တစ်ခုရဲ့ ဘေးနားမှာ Sexy ကျတဲ့ Pose တွေနဲ့ ဓါတ်ပုံ အရိုက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

ထို ဓါတ်ပုံတွေအတွက် ဝေဖန်မှုတွေကိုတော့ သူမက သူမအနေနဲ့ လူတွေကို သူမ ပြချင်တာကို ပြသွားမှာ ဖြစ်ပြီး Instagram မှာ တင်ထားတဲ့ ဓါတ်ပုံတွေက သူမ ရဲ့ လူမှုနေထိုင်မှု ဘ၀ ကို ထင်ဟပ်စေမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

မနေ့ကလည်း Kylie ဟာ သူမရဲ့ ချစ်သူ Tyga ရဲ့ ရည်းစားဟောင်း Blac Chyna နဲ့ပတ်သက်ပြီး အရွဲ့တိုက် လိုက်ပြိုင်ခဲ့တာကို အားလုံး တွေ့ခဲ့ရမှာပါ။

Tyga နဲ့ အတူ ကလေးတစ်ယောက်ရခဲ့ဖူးတဲ့ Blac Chyna က သူမရဲ့ ခန္ဓာကိုယ်အလှ ကောက်ကြောင်းတွေကို ပီပြင်စွာ ပေါ်နေစေမယ့် ၀တ်စုံနဲ့ ဓါတ်ပုံတစ်ပုံကို Instagram မှာ တင်ခဲ့ပြီး တစ်နာရီခန့်အကြာမှာပဲ Kylie က သူမလည်း Chyna လို ၀တ်စုံမျိုးကို ၀တ်ဆင်ပြီး သူမရဲ့ ခန္ဓာကိုယ်အလှ ကောက်ကြောင်းတွေကို ပေါ်အောင် ရိုက်ထားတဲ့ ဓါတ်ပုံကို Instagram မှာ တင်ထားခဲ့တာကိုတွေ့ရပါတယ်။

( Mario )

Ref : Mirror