Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လမကုန်ခင်အတွင်း လူမှုရေးဝန်ဆောင်မှု လုပ်ငန်းတွေ မဆောင်ရွက်ပါက Lindsay Lohan ထောင်ကျခံရတော့မည်

လမကုန်ခင်အတွင်း လူမှုရေးဝန်ဆောင်မှု လုပ်ငန်းတွေ မဆောင်ရွက်ပါက Lindsay Lohan ထောင်ကျခံရတော့မည်

| No comment


ဟောလီးဝုဒ် မင်းသမီး Lindsay Lohan တစ်ယောက် တရားရုံးက ညွှန်ကြားထားတဲ့ လူမှုရေး ၀န်ဆောင်မှု လုပ်ငန်း ၁၂၅ နာရီ ကို မေလ ၂၈ နေ့နောက်ဆုံးထားပြီး မလုပ်ဆောင်ရင် အခြား ဥပဒေကြောင်းအရ အရေးယူမှု တွေခံရတော့မှာဖြစ်ပါတယ်။

Lindsay Lohan ရဲ့ ရှေ့နေဖြစ်သူ Shawn Holley က တော့ Lindsay Lohan ရဲ့ ၂၀၁၂ ခုနှစ်က ရမ်းကားစွာ ကားမောင်းတဲ့ အမှု အတွက် တရားရုံးမှာ အမှုစစ်ဆေးကြားနာ ခံဖို့ လာရောက်ခဲ့တာကိုတွေ့ရပါတယ်။

လက်ရှိ လန်ဒန်မြို့မှာနေထိုင်နေတဲ့ Lindsay Lohan ဟာ သူမရဲ့ လူမှုရေးဝန်ဆောင်မှု လုပ်ငန်းတွေ နာရီ ၂၀ ၀န်းကျင်တော့ လုပ်ဆောင်ပြီးနေပြီဖြစ်ပါတယ်။ သူမ  စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဓါတ်ပုံကို တောင် Instagram မှာတင်ကာ "Community Service - Office Day" လို့ခေါင်းစဉ်တပ်ခဲ့ပါသေးတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ကလည်း Lindsay Lohan ကို ဖမ်းဆီးဖို့အတွက် ၀ရမ်းရှိထားပြီးဖြစ်ပေမယ့် ကျန်ရှိနေတဲ့ လူမှုရေး ၀န်ဆောင်မှုလုပ်ငန်း ၁၁၅ နာရီစာ ကို Lindsay Lohan အနေနဲ့ လမကုန်ခင် ပြီးစီးအောင် ဆောင်ရွက် နိုင်သလားဆိုတာကို စောင့်ကြည့်နေရတာဖြစ်ပါတယ်။

သူမဟာ လန်ဒန်မှာရှိတဲ့ ကုမ္မဏီတစ်ခုမှာ လူမှုရေးဝန်ဆောင်မှုတွေ လုပ်ဖို့ ပြင်ဆင်နေပြီး ထို ကုမ္မဏီက သူမကို နယ်တစ်နေရာကို ခရီးထွက်ပြီး ဆောင်ရွက်စေမယ်လို့ သိရပါတယ်။ သူမ ရဲ့ လူမှုရေးဝန်ဆောင်မှု လုပ်ငန်းတွေကို လမကုန်ခင် လန်ဒန် မှာ အပြီးမလုပ်ပဲ အမေရိကန်ပြည်ထောင်စု သို့ ပြန်သွားခဲ့ပါက သူမဟာ အမေရိကန် မှာ အဖမ်းခံရမှာ ဖြစ်ပါတယ်။

Ref : Starpulse