Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Rihanna ရဲ့ ပါတီပွဲကို ၀တ်စုံ ဆင်တူနဲ့ တက်ရောက်ခဲ့ကြတဲ့ Madonna တို့ သားအမိ

Rihanna ရဲ့ ပါတီပွဲကို ၀တ်စုံ ဆင်တူနဲ့ တက်ရောက်ခဲ့ကြတဲ့ Madonna တို့ သားအမိ

| No comment
Madonna တို့ သားအမိ


Madonna နဲ့ သူမရဲ့ အသက် ၁၇ နှစ်အရွယ် သမီးငယ် Lourdes တို့ဟာ Met Gala ဖက်ရှင် ပွဲတော် အပြီးမှာ ကျင်းပခဲ့တဲ့ Rihanna ရဲ့ ပါတီပွဲကို ၀တ်စုံ ဆင်တူနဲ့ တက်ရောက်ခဲ့ကြပါတယ်။

အသက် ၅၆ နှစ်ရှိနေပေမယ့်လည်း လူငယ်တွေနဲ့ လက်ရည်တူ လန်းနေနိုင်သေးတဲ့ အဆိုတော် ကြီး Madonna ဟာ သူမ၀တ်ဆင်ထားတဲ့ လယ်သာ ဘောင်းဘီတိုနဲ့ ဒေါ်လာ ပုံစံ စတစ်ကာ ပါဝင်တဲ့ ဂျာကင် အကျီင်္တို့ကို ၀တ်ဆင်ပြီး နုပျိုနေခဲ့ပါတယ်။

သမီးဖြစ်သူ Lourdes ကတော့ Moschino စွပ်ကျယ် အကျီင်္ နဲ့  Madonna လိုပဲ အနက်ရောင် ဘောင်းဘီတို့ကို ၀တ်ဆင်ထားပါတယ်။ သားအမိ ၂ ယောက်လုံးက အရောင်တဖိတ်ဖိတ် လက်နေတဲ့ ရွှေ လက်ဝတ်ရတနာ ပစ္စည်းတွေကို ဆင်တူ ၀တ်ဆင်လာကြပါတယ်။ 

သူမတို့ သားအမိ ၂ ယောက်ဟာ Rihanna ရဲ့ သီးသန့်ကျင်းပတဲ့ ပါတီပွဲကို တက်ရောက်လာကြတာ ဖြစ်ပြီး Jennifer Lawrence ၊ Kylie Jenner ၊ Kendall Kenner အစရှိတဲ့ အနုပညာရှင်တွေလည်း ထိုပါတီပွဲမှာ ရှိနေခဲ့ကြပါတယ်။ 

Lourdes ဟာ အခြားကလေးတွေနဲ့ မတူပဲ အခု ထိ အားလုံးကို ကြောက်နေတတ်တဲ့အတွက် သူမဟာ မိခင်တစ်ယောက်အနေနဲ့  ဘေးမှာ အမြဲရှိနေပေးရတယ်လို့လည်း Madonna က သူမရဲ့ သမီး အကြောင်းတွေကို ပြောပြခဲ့ပါသေးတယ်။

Ref : Mirror